ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်း

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများအား မြေပိုင်ဆိုင်မှုတရားဝင် အထောက်အထား မြေငှားဂရန်ရရှိခြင်းဖြင့် ကျေးရွာနေပြည်သူများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိကာ နိုင်ငံတော်အနေဖြင့်လည်း ရသင့်ရထိုက်သော အခွန်ငွေများရရှိစေရန်အတွက် ကျေးရွာ မြေငှားဂရန်များ ထုတ်ပေးရေးဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း

  • နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာမြေငှားဂရန်(၄၄) ခုကိုလည်းကောင်း၊
  • ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်၌(၇၂)ခု၊ ဖာပွန်မြို့နယ်တွင်(၆)ခု၊ စုစုပေါင်း(၇၈)ခုကိုလည်းကောင်း၊
  • တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြိုနယ်၌ ကျေးရွာမြေငှားဂရန်(၇)ခုနှင့် ပုလောမြို့နယ်၌(၃၀)ခု၊ စုစုပေါင်း (၃၇)ခုကိုလည်းကောင်း၊
  • ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၌ ကျေးရွာ မြေငှားဂရန်(၁၂၄)ခု၊ ရပ်စောက်မြို့နယ်တွင်(၃၉)ခု၊ နမ့်စန်မြို့နယ်တွင်(၁၃၀)ခု၊ မိုင်းကိုင်မြို့နယ်တွင်(၁၀ဝ)ခု၊ မိုင်းတုံမြို့နယ်တွင် (၁၂၈)ခု၊ မိုင်းရယ် မြို့နယ်တွင် (၂၀)ခု၊ ကွမ်းလုံမြို့နယ်တွင် (၁၁၂)ခု၊ နောင်ချိုမြို့နယ်တွင် (၃၀)ခု၊ ပင်းလောင်း မြို့နယ်တွင် (၁၅၇)ခု၊ တာချီလိတ်မြို့နယ်တွင် (၂၅၃)ခု၊ မူဆယ်မြို့နယ်တွင် (၈၁)ခု၊ ကျောက်မဲ မြို့နယ်တွင် (၈၉)ခု၊ နမ့်ဆန်မြို့နယ်တွင် (၁၈၅)ခု၊ တန့်ယန်းမြို့နယ်တွင် (၁၄)ခု၊ ဆီဆိုင် မြို့နယ်တွင် (၈၃)ခုနှင့် ကွတ်ခိုင်မြိုနယ်တွင် (၁၁၈)ခု၊ စုစုပေါင်း(၁၆၆၃)ခုကိုလည်းကောင်း

တိုင်းဒေသကြီး/  ပြည်နယ်များအတွင်းရှိ မြို့နယ်များအလိုက် အသီးသီး ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

2018-01-30T21:03:54+00:00