ကချင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ပူတာအိုမြို့နယ်သို့ ကွင်းဆင်းခရီးသွားရောက်

ကချင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၀-၁-၂၀၁၈)ရက်နေ့ နံနက်    (၀၉၀၀)နာရီအချိန်တွင် မြစ်ကြီးနားမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွါခဲ့ရာ (၁၁၃၀)နာရီအချိန် တွင် တီယန်ဇွပ် ကျေးရွာသို့ရောက်ရှိခဲ့ပါ သည်။ ထိုတီယန်ဇွပ်ကျေးရွာတွင် လုံခြုံရေးအဖွဲ့မှ နှုတ်ဆက်ကျန်ရစ်ခဲ့ပြီး ဒုဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆွမ်ပရာဘွမ်မြို့သို့ ဆက်လက်ထွက်ခွါခဲ့ပါသည်။ တီယန်ဇွပ်ကျေးရွာနှင့် ဆွမ်ပရာဘွမ်မြို့ကြားတွင် တာဝန်ယူဆောင်ရွက်နေသော တင်ဒါအောင်ကုမ္ပဏီများဖြစ်သည့် မနောဧရာကုမ္ပဏီ၊ ပန်းလောင်ကုမ္ပဏီနှင့် ကွန်ကရစ်လောင်းနေသော လမ်းအထူးအဖွဲ့(၁)တို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။(၁၉၃၀)နာရီ အချိန်တွင် ဆွမ်ပရာဘွမ် မြို့သို့ရောက်ရှိပြီး အခြေပြုခဲ့ကြပါသည်။ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၁-၁-၂၀၁၈)ရက်နေ့ နံနက်(၀၆၃၀)နာရီ အချိန်တွင် ဆွမ်ပရာဘွမ်မြို့မှ ထွက်ခွါခဲ့ရာ ညနေ(၁၄၀၀)နာရီအချိန်တွင် ပူတာအိုမြို့သို့ရောက်ရှိ အခြေပြုခဲ့ကြပါသည်။ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၂-၁-၂၀၁၈)ရက်နေ့ နံနက်(၀၇၀၀)နာရီ အချိန်တွင်   ဖတ်မာအုပ်စု၊  ဖတ်မာဇွပ်ကျေးရွာလူထုတွေ့ဆုံပွဲ၊ (၁၅-၁-၂၀၁၈)ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် ဆာရ်ခွမ်ဒမ်းအုပ်စု၊ ပင်စင်ကျေးရွာ(မလိဒီ)လူထုတွေ့ဆုံပွဲ၊ (၁၇-၁-၂၀၁၈) ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန်တွင် ဇီးအွန်ကျေးရွာအုပ်စု၊ လန်းနိုကျေးရွာလူထု တွေ့ဆုံပွဲ   တက်ရောက်ခဲ့ကြပါသည်။   ၎င်းတွေ့ဆုံပွဲများတွင် လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ   အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူလူထုများမှ လိုအပ်ချက်များအား တင်ပြခဲ့ပါသည်။ လွှတ်တော်ဒုဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၀၃၀)နာရီအချိန်တွင် ဖတ်မာအုပ်စုမှ ပြန်လည်ထွက်ခွါခဲ့ ပြီးဒုဥက္ကဋ္ဌမှ ပူတာအိုလေဆိပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတကြီး ဦးထင်ကျော် အားသွားရောက်ကြိုဆိုခဲ့ပါသည်။ နေ့လည်(၁၃၀၀)နာရီအချိန်တွင် တံတားဖွင့်ပွဲသို့ တက်ရောက်ရန် အတွက် နောင်မွန်းမြို့သို့ထွက်ခွါခဲ့ရာ (၁၆၃၀)နာရီအချိန်တွင် နောင်မွန်းမြို့သို့ ရောက်ရှိ အခြေပြု ခဲ့ကြပါသည်။ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌသည် (၁၃.၁.၂၀၁၈)ရက်နေ့ နံနက်(၁၉၀၀)နာရီ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏သမ္မတကြီး ဦးထင်ကျော်မှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ သော နောင်မွန်(ရပ်ဘော့) တံတားဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။ ညနေ(၁၆၃၀) နာရီတွင် နောင်မွန်မြို့မှ ပြန်လည်ထွက်ခွါခဲ့ရာ ပူတာအိုမြို့သို့(၂၀၃၀)နာရီတွင် ရောက်ရှိအခြေပြုခဲ့ပါသည်။ လွှတ်တော်ဒုတိယဥက္ကဋ္ဌသည် (၁၅.၁.၂၀၁၈)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ဆာရ်ခွမ်ဒမ်းအုပ်စု၊ ပင်စင်ကျေးရွာ(မလိဒီ)လူထုတွေ့ဆုံပွဲသို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီးတက်ရောက် လာသောဒေသခံပြည်သူများမှ လိုအပ်ချက်များအား တင်ပြခဲ့ပါသည်။  (၁၆.၁.၂၀၁၈)ရက်နေ့ နံနက်(၀၉၃၀)နာရီအချိန်တွင် ကချင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌသည် လီဆူရိုးရာနှစ်သစ်ကူးဆုတောင်းပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ လွှတ်တော်ဒုတိယဥက္ကဋ္ဌသည် (၁၇.၁.၂၀၁၈)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန်တွင် ဇီးအွန် ကျေးရွာအုပ်စု၊ လန်းနိုကျေးရွာ လူထုတွေ့ဆုံပွဲသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာ သော ဒေသခံပြည်သူလူထုများမှ လိုအပ်ချက်များအား တင်ပြခဲ့ပါသည်။ ကချင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌသည် (၁၈.၁.၂၀၁၈)ရက်နေ့ နံနက်(၁၁၀၀)နာရီ အချိန်တွင် ပူတာအိုလေဆိပ်သို့ရောက်ရှိပြီး မြန်မာ့လေကြောင်းလိုင်း ဖြင့် မြစ်ကြီးနားသို့ ထွက်ခွာ ခဲ့ပြီး ခရီးစဉ်ပြီးစီးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

2018-05-23T15:29:54+00:00