ကချင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ အမေရိကန်နိုင်ငံသို့ လေ့လာရေးသွားရောက်ခြင်း

ကချင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌသည် အမေရိကန်ပြည်ထောင်စု အုပ်ချုပ်ရေး မြို့တော် Washington DC ၊ အချို့ပြည်နယ်များ နောက်ခံသမိုင်းကြောင်းနှင့် အုပ်ချုပ်ရေး ဆိုင်ရာ၊ လွှတ်တော်ဆိုင်ရာ၊ ဥပဒေဆိုင်ရာနေရာများ၊ သမိုင်းကြောင်းအထင်ကရ အဆောက်အဦး နေရာများကိုလေ့လာခဲ့ရပါသည်။

ကချင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၀.၁၁.၂၀၁၇)ရက်နေ့တွင် ရန်ကုန် လေဆိပ်မှ 11:45 Pmတွင်ထွက်ခွါခဲ့ရာ Koreaနိုင်ငံ Soul မြို့ရှိ Inchoin လေဆိပ်သို့ 07:45Am တွင် ရောက်ရှိပြီး Inchoin လေဆိပ်မှ အမေရိကန်နိုင်ငံ Atlanda လေဆိပ်သို့ 09:30Am ရောက်ရှိ ခဲ့ပါသည်။ ၎င်းမှတဆင့် Washington DC သို့ဆက်လက်ထွက်ခွါခဲ့ရာ ညနေ14:15Pmတွင် ရောက်ရှိခဲ့ပါသည်။ (၁၂.၁၁.၂၀၁၇)ရက်နေ့တွင် IVLPအဖွဲ့ကို Washington DC၌ရှိသော အထင်ကရ နေရာများအား လိုက်လံ ပို့ဆောင်ပေးခဲ့ပါသည်။ (၁၃.၁၁.၂၀၁၇)ရက်နေ့တွင် တာဝန်ရှိပုဂ္ဂိုလ်များမှ နိုင်ငံတကာဧည့်ခေါင်းဆောင်များ အဖွဲ့ကို ခရီးစဉ်တစ်ခုလုံးအတွက် မိတ်ဆက်ခြင်း၊ Dr.Michael Siegel  မှ Principles of Government ရှင်းလင်းခြင်း များပြုလုပ်ခဲ့ပါသည်။  (၁၄.၁၁.၂၀၁၇)ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Jennifer Zimdahl Galt နှင့် တွေ့ဆုံဆွေးနွေးပါသည်။ အမေရိကန်အစိုးရ၏ နိုင်ငံခြားရေး ပေါ်လစီအပေါ် မြန်မာနိုင်ငံသားများ၏အမြင်နှင့် လက်ရှိဖြစ်ပေါ်နေသည့် အရေးကိစ္စများကို ပိုမိုနားလည်စေရေး ဆွေးနွေးကြပါသည်။ (၁၅.၁၁.၂၀၁၇)ရက်နေ့မနက်ပိုင်းတွင် အမေရိကန်နိုင်ငံ မြို့တော်ဝန်အဖွဲ့၏ တာဝန်ရှိ ပုဂ္ဂိုလ် Mr.David Pakhurstမှ မြို့တော်ဝန်အဖွဲ့၏တာဝန်၊ လုပ်ပိုင်ခွင့်များ ရှင်းလင်း ဆွေးနွေးခြင်း၊ အမေရိကန်လွှတ်တော်၌ ဥပဒေပြုရေးကိစ္စနှင့်ပတ်သက်ပြီး အထွေထွေအကြံပြုလုပ်ငန်း အဖွဲ့ခေါင်းဆောင်နှင့် တွေ့ဆုံခြင်းများဆောင်ရွက်ခဲ့ပါသည်။ ညနေပိုင်းတွင်Illinois ပြည်နယ် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။  (၁၆.၁၁.၂၀၁၇)ရက်နေ့မနက်ပိုင်းတွင်  အမေရိကန်နိုင်ငံရှိ Virginia ပြည်နယ်Fairfax Country Public School ၌ ဘာသာစကားနှစ်မျိုးနှင့် သင်ကြားပို့ချသော ကျောင်းအား လေ့လာခဲ့ပါသည်။ ညနေပိုင်းတွင်     အမေရိကန်နိုင်ငံရှိ  ကာကွယ်ရေးတက္ကသိုလ်၌   သွားရောက်လေ့လာပြီး အရပ်သားအစိုးရနှင့် တပ်မတော်ကြားဆက်ဆံအကြောင်းကို တာဝန်ရှိပုဂ္ဂိုလ် (၃)ဦးမှ ရှင်းလင်းဆွေးနွေးမှုအား လေ့လာခဲ့ရပါသည်။ (၁၇.၁၁.၂၀၁၇)ရက်နေ့တွင် မြန်မာနိုင်ငံ ဆိုင်ရာ INGO ကိုယ်စားလှယ်(၂)ဦးနှင့် တွေ့ဆုံခြင်း ပြုလုပ်ခဲ့ပါသည်။ (၁၉.၁၁.၂၀၁၇)ရက်နေ့တွင် Washington DC မှ Virginia ပြည်နယ်ရှိ Constitutional Village သို့ သွားရောက်လေ့လာခဲ့ပါသည်။ (၂၀.၁၁.၂၀၁၇)ရက်နေ့တွင်  Constitution ကိုရေးခဲ့သော James Madeson’s house ကိုလေ့လာခြင်း၊ Federalism အကြောင်းကို ဥပဒေကျောင်းသားများနှင့် လေ့လာ ဆွေးနွေးခဲ့ ကြပါသည်။ (၂၁.၁၁.၂၀၁၇)ရက်နေ့တွင်  Washington DC လေဆိပ်မှ Concord New Hampshire သို့ သွားရောက်ခဲ့ပါသည်။  (၂၂.၁၁.၂၀၁၇)ရက်နေ့တွင်  New Hampshire ပြည်နယ်၏ မြို့တော် Concordမြို့၏ မြို့နယ်၊ ခရိုင်၊ ပြည်နယ်တို့၏ ဖက်ဒရယ် တရားစီရင်ရေးအဆင့်ဆင့်၏ ဖွဲ့စည်းပုံနှင့် ဆောင်ရွက်ချက်များကို လေ့လာခြင်းနှင့် ပြည်နယ် အောက်လွှတ်တော်၊ Senate ဖွဲ့စည်းပုံများကို လေ့လာခဲ့ကြပါသည်။  (၂၃.၁၁.၂၀၁၇)ရက်နေ့တွင်  အမေရိကန်နိုင်ငံ၏ Thanks Giving Day တွင်ပါဝင် ခဲ့ပါသည်။  (၂၄.၁၁.၂၀၁၇)ရက်နေ့တွင်  Massachusset ပြည်နယ်၏မြို့တော် Boston မြို့ရှိ HARVARD University ကိုသွားရောက်လေ့လာခြင်းနှင့် Boston မြို့ရှိ သင်္ဘောဆိပ် တည်ဆောက်မှုနှင့် နှစ်ပေါင်း (၂၀၀) ခန့်ရှိသင်္ဘောများအား လေ့လာခဲ့ကြပါသည်။  (၂၅.၁၁.၂၀၁၇)ရက်နေ့တွင်  IVLP အဖွဲ့သည် U.S Boston မှ Austin မြို့သို့ ခရီးဆက်ခဲ့ပါသည်။ (၂၆.၁၁.၂၀၁၇)ရက်နေ့တွင်  Cultural Activity ယဉ်ကျေးမှုပွဲတော်သို့ သွားရောက် လေ့လာခဲ့ပါသည်။  (၂၇.၁၁.၂၀၁၇)ရက်နေ့တွင်  Texas Austin မြို့ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး၊ သာယာလှပရေးအတွက် The Barton Springs Pool ကို သွားရောက် လေ့လာခဲ့ပါသည်။ ထို့နောက် Austin မြို့တော်အစိုးရဌာန IT Division Manager Mr.Matthew Esquibel နှင့် Deputy Procurement officer City of Austin Purchasing office Ms.Shawn M.Willett, CPPO တွေ့ဆုံခဲ့ပါသည်။ (၂၈.၁၁.၂၀၁၇)ရက်နေ့တွင်  Austin မြို့တော်သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်း မှုထိန်းသိမ်းရေး NGO အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း၊ Austin မြို့ ပြည်နယ်လွှတ်တော်ညွှန်မှုးနှင့် လွှတ်တော်ဖွဲ့စည်းပုံကို လေ့လာခြင်း၊ Texas ပြည်နယ် ဘတ်ဂျက်ဥပဒေ Communications officer တွေ့ဆုံလေ့လာ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ပါသည်။ (၂၉.၁၁.၂၀၁၇)ရက်နေ့တွင်  California State Sacramento မြို့ကိုရောက်ရခဲ့ပါသည်။ (၃၀.၁၁.၂၀၁၇)ရက်နေ့တွင်  California ပြည်နယ်Parliament ၏ အစိုးရအဖွဲ့၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပြည်နယ်၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို လေ့လာခဲ့ရပါသည်။  (၁.၁၂.၂၀၁၇)ရက်နေ့တွင် California State၏ ရှေ့န လုပ်ငန်း ဆိုင်ရာ တာဝန်ရှိသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို လေ့လာခဲ့ပါသည်။  (၂.၁၂.၂၀၁၇)ရက်နေ့တွင် California State Capital မြို့တော် Sacramento မှ Sanfrancisco မြို့သို့ ရောက်ရှိခဲ့ပါသည်။   (၃.၁၂.၂၀၁၇)ရက်နေ့တွင် ဒုဥက္ကနှင့်အဖွဲ့သည် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပြီး ခရီးစဉ်ပြီးဆုံးခဲ့ပါသည်။

 

လေ့လာရေးခရီးစဉ်တွင် ပါဝင်ခဲ့သူများ(၁၀.၁၀.၂၀၁၇)မှ (၃.၁၂.၂၀၁၇)ထိ

စဉ် အမည် ဌာန/အဖွဲ့အစည်း
ဦးခန်လင် ဒုဥက္ကဋ္ဌ၊ ကချင်ပြည်နယ်လွှတ်တော်
ဦးခေါင်လန်ဒီး အုပ်ချုပ်ရေးမှူး၊ မြစ်ကြီးနားခရိုင်
ဦးဇိုင်းဝေလင်း အုပ်ချုပ်ရေးမှူး၊ မုန်ပန်မြို့နယ်
ဦးဆိုင်းထွန်းဉာဏ် ကိုယ်စားလှယ်၊ ရှမ်းပြည်နယ်လွှတ်တော်
ဦးသန်းနိုင်ဦး ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ဦးထွန်းထွန်းဦး ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်
ဒေါ်သီတာဆန်း ဒုညွှန်မှူး၊ ဥပဒေချုပ်ရုံး
ဦးအောင်ကျော်သန်း အုပ်ချုပ်ရေးမှူး၊ မြောင်မြို့နယ်
ဒေါ်ဇင်မာဝင်း လ/ထစီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးဌာန
၁၀ ဦးဇော်ဇော် အုပ်ချုပ်ရေးမှူး၊ ခန္တီးခရိုင်

 

2018-05-17T17:13:31+00:00