ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ချီဖွေမြို့နယ်သို့ ကွင်းဆင်းကြည့်ရှုခြင်း

ကချင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် (၁၇-၃-၂၀၁၈) ရက်နေ့ နံနက် (၀၇:၄၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့မှ မော်တော်ယာဉ်ဖြင့်ထွက်ခွာရာ (၁၂:၁၀) နာရီအချိန်တွင် ချီဖွေမြို့သို့ ရောက်ရှိခဲ့ပါသည်။ (၁၂:၁၅)နာရီအချိန်တွင် နေ့လည်စာသုံးဆောင်ပြီး ခေတ္တနား၍ (၁၃:၂၀) နာရီအချိန်တွင် ချီဖွေမြို့မှ ပန်ဝါမြို့သို့ မော်တော်ယာဉ်ဖြင့်ဆက်လက် ထွက်ခွာခဲ့ရာ (၁၄:၅၀)အချိန်တွင် လမ်းတစ်ဝက်ရှိ  ချီ​ဖွေ-ပန်ဝါ လမ်းခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ (၁၆:၃၀) နာရီအချိန်တွင် ပန်ဝါမြို့သို့ရောက်ရှိပြီး ပန်ဝါမြို့၏ ရွှေတောင်ကြားဟိုတယ်၌ ညအိပ်ရပ် နားခဲ့ပါသည်။ (၁၈-၃-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင်  ပန်ဝါမြို့တွင်းအခြေအနေအား လှည့်လည် ကြည့်ရှုခဲ့ပါသည်။  (၁၉-၃-၂၀၁၈)ရက်နေ့ နံနက် (၀၉:ဝဝ) နာရီအချိန်တွင် ပန်ဝါမြို့၊ မြို့တော်ခန်းမသို့ ရောက်ရှိပြီး ပန်ဝါမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံပြီး  အမှာစကား ပြောကြားခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများမှ လိုအပ်ချက်များအား တင်ပြခဲ့ပါသည်။ ထို့နောက် ကချင်ပြည်နယ်လွှတ်တော်မှထုတ်ဝေသော ဂျာနယ်နှင့် ဥပဒေစာအုပ်များကို ပေးအပ်ခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။  (၁၀:၅၀) နာရီအချိန်တွင် စစ်ရှောင်စခန်းတည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားကာ (၁၁:၃၀)နာရီအချိန်တွင် ပြန်လည် ထွက်ခွါခဲ့ပါသည်။      ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် (၂၀-၃-၂၀၁၈) ရက်နေ့ နံနက် (၀၈:၄၅) နာရီအချိန်တွင် ပန်ဝါမြို့မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ပန်ဝါမြို့မှ ဆော့လော်သို့  သွားသောလမ်း၌တည်ရှိသော ဆော့ဇမ်းကျေးရွာရှိ ဆော့ဇမ်းတံတား တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ (၁၂:၁၅)နာရီအချိန်တွင် ချီဖွေမြို့ (၄)မိုင်ဂိတ်၌ ခေတ္တနားကာ (၁၂:၃၀) နာရီအချိန်တွင် ဆော့လော်မြို့သို့ ခရီးဆက်ခဲ့ပါသည်။ ဆော့လော်မြို့သို့ (၁၈:၃၀)နာရီ အချိန်တွင် ရောက်ရှိပြီး ညအိပ်ရပ်နားခဲ့ပါသည်။ (၂၁-၃-၂၀၁၈) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဆော့လော်မြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ လူထုများနှင့် တွေ့ဆုံခဲ့ပြီး ဆော့လော်မြို့နယ် အတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများမှ လိုအပ်ချက်များအား တင်ပြခဲ့ပါသည်။ (၁၂:၀၀)နာရီအချိန်တွင် ဆော့လော်မြို့မှ ချီဖွေမြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ  (၁၇:၃၀) နာရီအချိန်တွင် ချီဖွေမြို့သို့ရောက်ရှိပြီး   လဗျူဟိုတယ်တွင်   ညအိပ်ရပ်နားခဲ့ပါသည်။ (၂၂-၃-၂၀၁၈) ရက်နေ့နံနက် (၀၉:၀၀) နာရီအချိန်တွင် ချီဖွေမြို့ရှိ ဒေသခံပြည်သူ လူထုများနှင့် တွေ့ဆုံခဲ့ပါသည်။  တွေ့ဆုံပွဲတွင် ဒေသခံပြည်သူလူထုများမှ လိုအပ်ချက်များအား တင်ပြခဲ့ပါသည်။ ထို့နောက် (၁၁:၄၅) နာရီအချိန်တွင် ချီဖွေမြို့မှ မြစ်ကြီးနားမြို့သို့ မော်တော်ယာဉ် များဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ညနေ (၁၇:၃၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိပြီး ခရီးစဉ်ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

2018-05-18T17:00:38+00:00