ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅) အကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်)
၁။ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်းအစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃)ဦးအနက် (၄၅)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၁၅) ခု မေးမြန်းဖြေကြားခြင်း
(၁) အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်မေးမြန်းသည့် ၂၀၁၈ ခုနှစ် ဧပြီ လအတွင်းဖြစ်ပေါ်ခဲ့သော စစ်ဆင်ရေးများကြောင့် အင်ဂျန်းယန်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း (၂၅) ရွာခန့်မှ ပြည်သူများသည် မြစ်ကြီးနား မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များရှိ Trinity ၊ စိန်ဂျိုးဇက် ၊ တီယန်ဇွပ် KBC ၊ ဝိုင်းမော် KBC စသည့် စစ်ရှောင်စခန်းများတွင် နေထိုင်လျက်ရှိသော ပြည်သူများအတွက် အိမ်ထောင်စုနှင့် မှတ်ပုံတင်များ ရရှိရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်လျက်ရှိကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနအနေနဲ့ အင်ဂျန်းယန် မြို့နယ်မှ ခေတ္တနေရပ်စွန့်ခွာရောက်ရှိနေထိုင် သူများ၏ အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ကို ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တို့နှင့် ပူးပေါင်းလျက် သစ္စာစီမံချက်ပါ လုပ်ငန်းစဉ်အတိုင်း ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်ပါအတိုင်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။
(၂) ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးယောဆီ မေးမြန်းသည့် ပူတာအိုမြို့နယ်၊ နမ်ထွမ်ခူး ကျေးရွာသို့ ဆက်သွယ်ထားသောလမ်းသည် နမ်ထွမ်ခူးကျေးရွာသို့ ရောက်ရန် အတွက်(၁)မိုင်ကျော် လိုအပ်လျက်ရှိပါသဖြင့် ၎င်းလမ်းကို ယခုနှစ်ပိုလျှံ ငွေမှ အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း ၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (၁၉၄.၈၀)သန်းဖြင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတွင် လျာထားဆောင်ရွက်ထားပါကြောင်း ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၃) ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးယောဆီမေးမြန်းသည့် ပူတာအိုမြို့နယ်၊ နမ်ထွမ်ခူးအုပ်စု၊ နမ်ထွမ်ခူးကျေးရွာမှ နမ်မန်စေ ကျေးရွာသို့ ဆက်သွယ်ထားသော (၂၅) မိုင်ရှိ လူသွားလမ်းအား ကားသွားလာနိုင်ရေး အဆင့်မြှင့်ဆောင်ရွက် ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများ မြေပြင်ကွင်း ဆင်းစစ်ဆေးပြီးရရှိလာသည့် အချက်အလက် ပေါ်မူတည်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေတွင် တင်ပြ တောင်းခံသွားပြီး ရန်ပုံငွေရရှိလာပါက ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
(၄) ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားခီဆာ မေးမြန်းသည့်
(၁) (၆၅/၄)မိုင်ရှိ မဂွေဇ-ခေါင်လန်ဖူးလမ်းကို မည်သည့် ဘဏ္ဍာ ရေးနှစ်တွင်အပြီး ဖောက်လုပ်ပေး မည် ကိုသိရှိလိုပါကြောင်း၊
(၂) မဂွေဇ(၀/၀)မိုင်မှ ဆန်းလွှတ်ချက်တောင်ခြေ (၃၃/၀) မိုင် အထိ ဆောင်ရွက်နေသည့် တံတားအရေအတွက်နှင့် ခွင့်ပြုငွေ၊ boxculvert အရေအတွက်နှင့် ခွင့်ပြုငွေတို့ကိုသိရှိလိုကြောင်း၊ (၃) မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်မှုအတွက် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် အလိုက် ပြည်နယ်/ပြည်ထောင်စု ဘဏ္ဍာခွင့်ပြုငွေကို ဘဏ္ဍာရေး နှစ်အလိုက် သိရှိလိုကြောင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ပထမ မေးခွန်းအနေနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ လမ်းဖောက်လုပ်ပြီးစီးရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်း၏ မြေပြင်အခြေအနေမှာ ကျောက်တောင်များ ထူထပ်ခြင်း၊မတ်စောက်ခြင်း၊ ရာသီဉတုဆိုး ရွားခြင်းစသည့် အချက်များကြောင့် လုပ်ငန်းဆောင်ရွက်ရန် ကန့်သတ်ချက်များရှိပါသဖြင့် လုပ်ငန်းပြီးစီးမည့် ဘဏ္ဍာရေးနှစ် အား တိကျစွာသတ်မှတ်ရန် ခက်ခဲသော်လည်း နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။ ဒုတိယနှင့် တတိယမေးခွန်း အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မြေသားလမ်း (၁၅)မိုင်(၄)ဖာလုံအတွက် ခွင့်ပြု ရန်ပုံငွေ(၂၄၂၂.၅၀)သန်း၊ (၅×၅×၂၆)ပေ Boxculvert(၅)စင်း အတွက် ခွင့်ပြုရန်ပုံငွေ (၅၇၇.၅၀၀)သန်း စုစုပေါင်းကျပ် (၃၀၀၀) သန်း ဖြစ်ပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မြေသား လမ်း(၁၈)မိုင် (၄)ဖာလုံဖောက်လုပ်ခြင်းအတွက် ကျပ်(၁၇၂၂.၃၅) သန်း၊ ကျောက်လမ်း(၁၄)မိုင်ခင်းခြင်း (၁၄၉၄.၀၅၈)သန်း၊ (၅×၂၆)ပေ Boxculvert (၇၅) စင်း (၅၀၄.၃၈၄)သန်း၊ ကွန်ကရစ် တံတား(၁၂)စင်း(၁၆၇၄.၀၀)သန်း၊ ကျောက်စီရေမြောင်း (၅၅၀၀) ပေ (၂၅၈.၀၈၉၈)သန်း၊ စုစုပေါင်းကျပ်(၅၆၅၂.၈၈၁၈)သန်း ဖြစ်ပါ သည်။ ၂၀၁၈-၂၀၁၉ ပထမ(၆)လ ဘဏ္ဍာရေးနှစ်မှာ မြေသား လမ်း(၄)မိုင် ဖောက်လုပ်ခြင်း (၃၈၀.၀၀)သန်း၊ (၅×၆×၂၆)ပေ Boxculvert (၁၆)စင်း (၇၄.၀၈၀)သန်း၊ ကွန်ကရစ်တံတား(၅)စင်း (၃၅၃.၅၇၅)သန်း၊ ယန္တရားများသယ်ယူခြင်း (၇၈.၀၀)သန်း၊ စုစုပေါင်း ကျပ်(၈၈၅.၆၅၅)သန်း ဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြေသားလမ်း(၁၀)မိုင်ဖောက်လုပ်ခြင်း (၉၅၀.၀၀) သန်း၊ ကျောက်လမ်း (၁၀) မိုင်ခင်းခြင်းအတွက် (၁၁၃၇.၉၄၇) သန်း၊ ကွန်ကရစ်တံတား(၂)စင်း (၆၅၄.၉၇၀) သန်း၊ ကျောက်စီရေ မြောင်း (၂၀၀)ပေ (၉၅)သန်း၊ စုစုပေါင်း ကျပ်(၂၅၃၇.၉၁၇)သန်း ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်အထိ ခွင့်ပြုငွေစုစုပေါင်းကျပ် (၁၂၀၇၆.၄၅၃၈) သန်းဖြစ် ကြောင်း ဖြေကြားခဲ့ပါသည်။
(၅) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးမြသိန်းမေးမြန်းသည့် ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်း ကျေးရွာအုပ်စုတွင် ကောက်ကွေ့ချောင်း နံဘေးရှိ အုတ်ချီကျေးရွာနှင့် မြို့လှမြို့သည် (၁၁)မိုင်ကွာဝေးသော မြေသားလမ်းဖြင့် ဆက်သွယ် ထားရာ မိုးတွင်းကာလတွင် ရွှံနွံများထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကျေးရွာဖြစ်သဖြင့် ၎င်းမြေသားလမ်းအား ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း ၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း နှင့် ရန်ပုံငွေရရှိလာပါက ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
(၆) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရားဝမ်ဂျုံ(ကိုယ်စား) ဦးဆွမ်ဒူနော်အောင်မှမေးမြန်း သည့် ကချင်ပြည်နယ်အစိုးရအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၅၄၊ ဇယား (၅)ပါ ပြဋ္ဌာန်းချက်နှင့်အညီ လက်ရှိကောက်ခံ ရရှိသော အခွန်အခများနှင့် နှစ်အလိုက်ရရှိမှုအခြေအနေကို လွှတ်တော် သို့ ရှင်းလင်းပေးရန် အစီအစဉ်ရှိ/မရှိ စပ်လျဉ်းသည့်မေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက နှစ်အလိုက် ကောက်ခံရရှိမှုအခြေအနေများကို အသေးစိတ်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၇) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရားဝမ်ဂျုံ(ကိုယ်စား) ဦးဆွမ်ဒူနော်အောင်မှမေးမြန်း သည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ၏ ရငွေပိုင်း၌ အခွန်ကောက်ခံရငွေ ကျပ်(၅၃၄.၂၇၅၁)သန်းနှင့် သာမန်ရငွေ ကျပ်(၅၇၁၁.၅၂၁)သန်းကို လည်းကောင်း၊ ကချင်ပြည်နယ် တရားလွှတ်တော်ရငွေပိုင်း၌ သာမန် ရငွေ ကျပ်(၂၆၀.၀၀၀)သန်းကို လည်းကောင်း၊ ရငွေဆိုင်ရာငွေစာရင်း ခေါင်းစဉ်ခွဲခြား၍ အသေးစိတ်ရှင်းလင်းဖြေကြားပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်းက ရငွေဆိုင်ရာငွေစာရင်း ခေါင်းစဉ်ခွဲခြား၍ အသေး စိတ်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၈) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရားဝမ်ဂျုံ(ကိုယ်စား) ဦးဆွမ်ဒူနော်အောင်မှမေးမြန်း သည့်ကချင်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် ဘဏ္ဍာရေး ရန်ပုံငွေတွင် ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ရသုံး ခန့်မှန်းခြေငွေစာရင်း (ရှင်းလင်းချက်)တွင် ရငွေနှင့်ပတ်သက်၍ ဖော်ပြ ထားချက်များကို ရငွေဆိုင်ရာ ငွေစာရင်းခေါင်းစဉ်အလိုက် အသေး စိတ် ရှင်းလင်းဖြေကြားပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ကချင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ရငွေဆိုင်ရာ ငွေစာရင်းခေါင်းစဉ်အလိုက် အသေးစိတ်ရှင်းလင်းဖြေ ကြားခဲ့ပါသည်။
(၉) အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်မှ မေးမြန်းသည့်
(၁) ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားတွင်ပြုလုပ်သော ကျောက်မျက်ဈေးကွက်သို့ ပြည်တွင်းအနယ်နယ် အရပ်ရပ်မှ လာရောက်ဝယ်ယူနိုင်မှုကို အထောက်အကူ ဖြစ်စေရန် ပြည်ထောင်စုအခွန်အကောက် ဥပဒေအတိုင်း သတ်မှတ်ခြင်းမဟုတ်ဘဲ အခွန်ကင်းလွတ်ခြင်း မဟုတ် လျှင်ပင် သင့်တင့်သော အခွန်နှုန်းထားတစ်ရပ်ကို အထူး ကိစ္စရပ်တစ်ခုအနေဖြင့် ညှိနှိုင်းလျော့ပေါ့ ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ပြည်ထောင်စုလွှတ်တော် သတ်မှတ်ချက်အတိုင်း ဆောင် ရွက်လျက်ရှိပါကြောင်းနှင့် အထူးကိစ္စရပ် တစ်ခုအနေဖြင့် ညှိနှိုင်းလျော့ပေါ့ဆောင်ရွက်ပေးရန် ပြည်ထောင်စု လွှတ်တော်တွင်သာ မေးခွန်းထုတ် မေးမြန်းသွားရန်ဖြစ် ပါကြောင်း ဖြေကြားခဲ့ပါသည်။
(၂) ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ပြုလုပ်သော ကျောက် မျက်ရတနာအရောင်းပြပွဲ အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ကျောက်မျက်ရောင်းမည့်သူများ ပြင်ဆင်ချိန်လုံလောက် စွာရရှိနိုင်ရေးအတွက် ခွင့်ပြုမိန့် တောင်းခံရာတွင် အချိန် ကြန့်ကြာမှုမရှိစေဘဲ ခွင့်ပြုမိန့်အမြန်ရရှိအောင် ဆောင် ရွက်ပေးရန်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလဆိုင်း က မြန်မာ့ကျောက်မျက်ရတနာဥပဒေ ၂၀၁၉ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၄) ၂၀၁၉ ခု၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဥပဒေ၊ အခန်းတွေကို ပြန်ကြည့်ပါက ပြပွဲတွေကို ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာကျောက်မျက်အသင်းမှ လုပ်ဆောင် နိုင်သည့် အကြောင်းကိုလည်း အတိအလင်းကြေညာထား သာဖြစ်သည့်အတွက် တတိယအကြိမ် ပြန်လည်ဆောင် ရွက် မည့်နေရာမှာလည်း ကချင်ပြည်နယ်အစိုးရအနေဖြင့် လွယ်ကူစွာပြသရောင်းချနိုင်ရန်အတွက် ကူညီပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၀) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးတင်ဦးယုမေးမြန်းသည့် ရွှေကူမြို့နယ် စီသော်ကျေးရွာအုပ်စု စီသော်နယ်နိမိတ်အတွင်း ၂၀၀၇-၂၀၀၈ ခုနှစ်က ဗန်းမော် -စင်းခန်း-ကသာကားလမ်းများနှင့် ရထားလမ်းတစ်ပြိုင်နက် ဖောက်လုပ်စဉ် အချိန်၌ စီသော်၊ စီငန်း၊ ဟင်းအွန်၊ မြို့ကုန်းစသည့် ကျေးရွာများမှ တောင်သူလယ်သမားများ၏ လယ်မြေများပါဝင်သွားခဲ့ပြီး ၎င်းလယ် မြေများအနက် ရထားလမ်းတွင် ပါဝင်သွားသော လယ်မြေများအတွက် သာ လျော်ကြေးရရှိပြီး ကားလမ်းတွင်ပါဝင်သွားသော လယ်မြေများ အတွက် ယခုအချိန်ထိ လျော်ကြေးမရရှိသေးပါသဖြင့် လျော်ကြေးပေး ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန် အတိုင်းအတာတွင် ရရှိ နိုင်မည်ကို သိရှိလိုပါသည် မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးဝင်းညွန့်က အမှန် တကယ်နစ်နာသည့် မြေပိုင်ရှင်များကို ပြန်လည်စိစစ်ရမည်ဖြစ်ပါသဖြင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီမှတစ်ဆင့် စိစစ်ဆောင်ရွက်ပြီးမှသာ လမ်းဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ လယ်ယာမြေများအတွက် လျော်ကြေး ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
(၁၁) ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သင်း(ခ)ဇော်သင်းမေးမြန်းသည့် ဗန်းမော်မြို့ ဧရာဝတီ မြစ်ကမ်းထိန်းသိမ်းရေး ကျောက်စီမြေထိန်းနံရံကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် ရှပ်ပြေးဆိပ်မှ မြေနုဆိပ်အထိ ပေ(၃၀၀၀)ကို ကချင်ပြည် နယ်အစိုးရအဖွဲ့မှ ကုမ္ပဏီ(၄)ခုအား ပေ(၇၅၀)စီ ချထား၍ ဆောက်လုပ် ခဲ့သော်လည်း မြေနုရပ်အင်ခိုင်ဘွမ်ကုမ္ပဏီ လုပ်ကွက်တွင် ပေ(၆၀၀) သာ လုပ်ကိုင်နိုင်ခဲ့ပြီး ဦးကျော်ဉာဏ်အိမ်နေရာကျန်နေ၍ လုပ်ငန်းစီမံ ကိန်းပေ(၁၅၀)ခန့် ကျန်ရှိနေပြီး စီမံကိန်းလုပ်ငန်းမှာ ရပ်ဆိုင်းထားရပြီး ဧရာဝတီ ကျောက်စီနံရံသည် ပြီးစီးမှုမရှိခြင်း ဆိပ်ကမ်းသာယာရေး သည်လည်း မပေါ်လွင်ဘဲဖြစ်နေခြင်း၊ မြို့သူ/သားများသည် လည်း ၎င်းနေအိမ်နှင့်ပတ်သက်၍ မေးခွန်းအမျိုးမျိုးထုတ်ခြင်းများဖြစ်နေပါ သဖြင့် ကချင်ပြည်နယ်အစိုးရအနေနှင့် မည်ကဲ့သို့ဆောင်ရွက်ထားသည် ကို သိရှိလိုပါသည် မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းညွန့်က ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တို တက်ရေးဦးစီးဌာနမှ ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါ ကြောင်း ဖြေကြားခဲ့ပါသည်။
(၁၂) ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သင်း(ခ)ဇော်သင်းမေးမြန်းသည့် ဗန်းမော်မြို့နယ်၊ အထက်တာပိန်တိုက်နယ်တွင် ၂၀၁၇ ဘဏ္ဍာရေး ဘတ်ဂျက်နှစ်တွင် မအူပင်၊ ကမ္ဘာနီ၊ ချောင်းဝကျေးရွာ ရွာချင်း ဆက်လမ်းအား ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနမှ ကျောက်ချောလမ်း(၁)မိုင်ခန့် ဖောက်လုပ်ပြီးစီးခဲ့သော်လည်းမအူပင်ဘက်မှ (၁)မိုင် ကျောက်ချော လမ်းအဆုံးတွင် တာပိန်မြစ်ခံနေ၍ မြစ်တစ်ဖက်ကမ်းသို့ မိုးတွင်းကာလ တွင် စက်လှေများဖြင့် ဖြတ်သန်းရပြီး ရေကျချိန်တွင် ဝါးတံတားပေ (၁၆၀၀)ခန့်ထိုးပြီး သွားလာနေရပါသဖြင့် ရာသီမရွေးသွားလာနိုင်ရန် သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးဝင်းညွန့်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တံတားဦးစီးဌာနသို့ လွဲပြောင်းအပ်နှံပြီးမှသာ တံတားဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး အဆင့်ဆင့်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ခြင်းကြောင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် တံတားဦးစီး ဌာနတို့ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လောလောဆယ် တွင် ဆောင်ရွက်ပေးရန်အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားခဲ့ပါ သည်။
(၁၃) ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးယောဆီမေးမြန်းသည့် ပူတာအိုမြို့၊ မန်စေအုပ်စု၊ ဝါးဆား ကျေးရွာအဝင်ပေ(၃၀)ကျော်ရှိသော သစ်သားတံတားသည် ဟောင်းနွမ်း ဆွေးမြည့်နေပြီး ပြည်သူများနှင့် စီထားသော ကျောက်နံရံများသည် ကွဲအက်နေပါသဖြင့် အမြန်ဆုံး ကွန်ကရစ်တံတား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်ညွန့်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပြည် ထောင်စုပြင်ဆင် ထန်း သိမ်းရေးရန်ပုံငွေဖြင့် သာမန်ပြင်ဆင်ထိန်းသိမ်းရေး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် သံကူကွန်ကရစ်တံတားဆောက်လုပ်ပေးရန် လောလောဆယ်အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။
(၁၄) အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်မေးမြန်းသည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် နဝမပုံမှန် အစည်းအဝေး(ပထမနေ့) (၂၉-၁၁-၂၀၁၇)ရက်နေ့တွင် တင်သွင်းခဲ့သော “ မြစ်ဆုံကျေးရွာအုပ်စု ပြည်သူ များအတွက် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်လျက် ရှိသော ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုကို တန်ဘောင်ယန် ကျေးရွာတွင် သတ်မှတ်ချထားပေးရေး” အဆိုကို (ဒုတိယနေ့) (၃၀-၁၁-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂၄-၅-၂၀၁၈)ရက်စွဲပါ ပြန်ကြားစာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ထပ်မံဆက်သွယ်ပြီး လိုအပ်ချက်နှင့်အညီ ချိန်မာယန်ကျေးလက် ကျန်းမာရေးဌာန လက်အောက်တွင် တန်ဘောင်ယန်ကျေးလက် ကျန်းမာရေးဌာနခွဲဖြင့် ပါဝင်ဖွဲ့စည်းဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဖြေကြားခဲ့သော်လည်း ယခုအချိန်ထိ တန်ဘောင်ယန် ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးခြင်းမရှိသည့် အတွက် သက်ဆိုင်ရာဌာနများမှ ချိတ်ဆက်ဆောင်ရွက်နေမှု အခြေ အနေ၊ ယခုနှစ် ၂၀၁၉-၂၀၂၀(Budget)ကာလတွင် အကောင်အထည် ဖော်ဆောင်ရွက်ရန် (Budget)ထည့်သွင်းထားခြင်းရှိ/မရှိ၊ မည်သည့် အနီးဆုံးအချိန်တွင် စတင်ဆောင်ရွက်မည်ကိုသိရှိလိုပါကြောင်း မေးခွန်း တို့နှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(နေပြည်တော်) သို့ ဆက်လက်တင်ပြထားပြီးဖြစ်၍ ခွင့်ပြုမိန့်ရရှိပါက ဖွင့်လှစ်ခွင့်ရရှိည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၅) အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော်မေးမြန်းသည့် ဒုတိယအကြိမ် ကချင်ပြည် နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့)တွင် မေးမြန်းခဲ့သည့် အင်ဂျန်းယန်မြို့နယ်ရှိ ထက်ပြဆရာ/မ(၉)ဦး ရှိရမည် ဖြစ်သော်လည်း လက်ရှိဆရာ/မ(၃)ဦးနှင့်သာ ပညာသင်ကြားနေရ သဖြင့် လိုအပ်နေသော အထက်တန်းပြ ဆရာ/မများ အမြန်ဆုံးခန့်ထား ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ အခြေခံပညာဦးစီးဌာန(နေပြည်တော်)သို့ လျာထား တင်ပြ ထားပေးမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိလာပါက ခန့်ထားပေးနိုင်မည် ဖြစ်ပါကြောင်းနှင့် B-Ed(ပေါင်းကူး) သင်တန်းဆင်းများအား ခန့်ထားရန် ခွင့်ပြုလာပါက ထပ်မံဖြည့်ဆည်းခန့်ထားနိုင်မည် ဖြစ်ပါကြောင်း ဖြေ ကြားခဲ့သော်လည်း ယခုအချိန်ထိခန့်အပ်ထားပေးခြင်း မရှိသေးပါသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အမှီ ဆရာအင်အားဖြည့်ဆည်း ခန့်ထား ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက BE.d သင်တန်းဆင်းများတွင် ဘောဂဗေဒ သင်တန်းဆင်း မရှိပါသဖြင့် လစ်လပ်နေရာတွင် ခန့်ထားပေးနိုင်ခြင်းမရှိပါ၍ တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှ သင်တန်းဆင်းများ ခန့်ထားလာ လျှင် အ.ထ.ကအင်ဂျန်းယန်ကျောင်းအတွက် ကိုက်ညီမှုရှိလာပါက ခန့် ထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား ခဲ့ပါသည်။

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့် စပ်လျဉ်း၍ အကြံပြုတင်ပြခြင်း
၃။ အစည်းအဝေး(တတိယနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်” နှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီက အကြံပြုတင်ပြခဲ့ပြီး အစည်း အဝေး(ပဉ္စမနေ့)တွင် အတည်ပြုမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့သည်။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ စိစစ်ချက်အစီရင်ခံစာတင်သွင်းခြင်း
၄။ အစည်းအဝေး(တတိယနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းသော “၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီမှ စိစစ်ချက်အစီရင်ခံစာတင်သွင်းခဲ့ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
၅။ ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေး(စတုတ္ထနေ့)ကို နေ့လည် (၁၂) နာရီ (၄၅) မိနစ်အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို (၇-၆-၂၀၁၉) ရက် သောကြာနေ့ နံနက် (၁၀) နာရီအချိန် တွင် ကျင်းပရန်လျာထားပါသည်။

2019-06-06T18:10:53+00:00