ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)မှတ်တမ်းအကျဉ်းချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်)
၁။ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃)ဦးအနက် (၄၉)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၉) ခု မေးမြန်းဖြေကြားခြင်း

(၁) ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်ရှီးဇော်လွမ်းလမ်း၏ ချီဖွေ-ဆော့လော် (၅၂)မိုင်အနက် မန်ပျော့ ကျေးရွာအုပ်စု၊ ငါမောဇွပ်ရွာမှ ကျီးရှင်းကျေးရွာကြား (၂၀)မိုင် (၃၀)ပေ လမ်းအား လမ်းတာချဲ့ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင် ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက မြေပြင်ကွင်းဆင်း စစ်ဆေး ပြီး ရရှိလာသည့် ကိန်းဂဏန်းအချက်အလက်များပေါ်မူတည်၍ လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်နိုင်သည့် အခြေအနေရှိပါက တင်ပြချက်ပါ လမ်းအပိုင်းအား ပြည်ထောင်စု/ပြည်နယ်/နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(၅)နှစ်စီမံကိန်း စီမံချက်တွင် ရန်ပုံငွေထည့်သွင်း လျာထားပြီး ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၂) မိုးမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးနေဝင်း၏ မိုးမောက်မြို့ပေါ်ရှိ နှစ်ပေါင်း(၆၀)ကျော်မှ တည် ဆောက်ထားသော မီးသတ်စခန်းဟောင်းသည် မြို့အင်္ဂါရပ်ဖြင့် အမြင် မတင့်တယ် ဟောင်းနွမ်းပျက်စီးနေပြီဖြစ်၍ စခန်းခွဲအဖြစ် အသစ်ပြန် လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတိုနှင့် ညှိနှိုင်းကာ ဌာနပေါက်မြေဂရန်ရရှိရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ပြီး မြေဂရန်ရရှိလာပါက မီးသတ်ယာဉ်ထား ရှိရန်အတွက် အဆောက်အဦ(၁)လုံးအား ပြည်နယ်အစိုးရရန်ပုံငွေ လျာ ထားပေးနိုင်ရေး ဆက်လက်တင်ပြသွားမည်ဖြစ်ပါ၍ ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်အရ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၃) မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၏ မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း (ဗန်းမော်-နမ့်ခမ်းအပိုင်း) မံစီမြို့နယ်နမိတ်၊ မံစီမြို့တွင်းလမ်းပိုင်းမိုင် ၃၅၁/၃ မှ ၃၅၃/၇ မိုင်အထိ ၂ မိုင် ၄ ဖာလုံအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (၂၄) ပေအကျယ် AC လမ်းခင်းခြင်း၊ လမ်းဘေးဝဲယာ ရေနှုတ်မြောင်းတူး ခြင်း၊ လမ်း Platform ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ရန်ပုံငွေတွင် ထည့် သွင်း ပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၄) နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးမဘုဒဂုဏ်၏ နောင်မွန်မြို့နယ်၊ ရပ်ဘော့-ကော်လဲ့-ပန်နန်းဒင် လမ်းသည် (၁၂)ပေ အကျယ်လမ်းသာဖြစ်၍ ကားကြီးများသွားလာရာ တွင် များစွာအခက်အခဲရှိပါသဖြင့် ယာဉ်ကြီး/ငယ်များ စိတ်ချစွာသွား လာနိုင်ရေးအတွက် (၁၂)ပေအကျယ်လမ်းအား (၃၄)ပေကျယ်သော ကျောက်ချောလမ်းအဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေစိစစ်ခွင့်ပြုမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

(၅) အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော်၏ အင်ဂျန်းယန်မြို့နယ်တွင် မြို့အဝင် လမ်း (၂)မိုင်ကျော်ကို ကွန်ကရစ်လမ်းခင်းထားပြီးဖြစ်သော်လည်း မြို့ အင်္ဂါရပ်နှင့်အညီ မြို့အဝင်မုတ်ဉီးအား ခိုင်ခန့်လှပစွာ တည်ဆောက်ပေး ရန် အမှန်တကယ်လိုအပ်လျက်ရှိပါသဖြင့် ကုန်ကျမည့် ကာလတန်ဖိုး Budgetကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုပေးနိုင်ရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ)ဇခေါင်ခမ်းရယ်က အင်ဂျန်းယန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ သည် ဝင်ငွေမရှိသည့် မြို့တစ်မြို့ဖြစ်ပါသဖြင့် လောလောဆယ်ဆောင် ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်း အခြားမြို့နယ်များမှ ဝင်ငွေများ မျှဝေရရှိ၍ ရန်ပုံငွေရရှိလာပါက စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။


(၆) နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးမဘုဒဂုဏ်၏ ပန်နန်းဒင်မြို့၊ တဆူထုကျေးရွာအုပ်စု အရွမ်ဒမ်း ကျေးရွာ(သို့) ခရောင်းမူလတန်းကျောင်းအား အခြေခံပညာမူ/လွန် ကျောင်းအဖြစ် ကျောင်းအဆင့် တိုးမြှင့်ပေးရန်ရှိ/မရှိမေးခွန်းနှင့် စပ် လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် ကျောင်းအဆင့်တိုးများ ခေါ်ယူချိန်တွင် သက်ဆိုင်ရာကျောင်းမှ မြို့နယ်/ခရိုင်/ပြည်နယ်ပညာရေးမှူးရုံးသို့ အချက်အလက်များ ပြည့်စုံ စွာဖြင့် အဆင့်ဆင့်တင်ပြလာပါက အခြေခံပညာဦးစီးဌာန (နေပြည်တော်) သို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၇) နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးမဘုဒဂုဏ်၏ ပန်နန်းဒင်မြို့၊ တ ဆူထုကျေးရွာအုပ်စု၊ တဆူထု ကျေးရွာရှိ အလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းအဆင့်တိုးများ ခေါ်ယူချိန်တွင် သက်ဆိုင်ရာကျောင်းမှ မြို့နယ်/ခရိုင်/ပြည်နယ်ပညာရေးမှူးရုံးသို့ အချက်အလက်များ ပြည့်စုံစွာဖြင့် အဆင့်ဆင့်တင်ပြလာပါက အခြေခံ ပညာဦးစီးဌာန (နေပြည်တော်)သို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ် ပါကြောင်း ဖြေကြားပါသည်။

(၈) ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဒေါ်ရှီးဇော်လွမ်းလမ်း၏ တိုင်းရင်းသားဘာသာစာပေသင် ကြားခြင်းဆိုင်ရာ ဆရာ/ဆရာမများ ခန့်အပ်တာဝန်ပေးခြင်းနှင့် ပတ်သက်၍ စီမံခန့်ထားမှုကို မည်ကဲ့သို့ စီမံခန့်ထားသည်ကို သိရှိလို ပါသည်မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက လျှောက် လွှာများ ကို သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌများ၏ ထောက်ခံချက်များနှင့်အတူ ကချင်ပြည်နယ် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဌာနသို့ လျှောက်ထားပြီး စိစစ်၍ ကချင်ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ ဆက် လက် တင်ပြ ဆောင်ရွက်ပါကြောင်း၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာနမှ ထပ်မံ စိစစ်ကာ ထပ်ဆင့်ထောက်ခံအတည်ပြ၍ ပြည်ထောင်စုတိုင်းရင်းသား ရေးရာဝန်ကြီးဌာနသို့ တင်ပြရပါကြောင်း၊ ဝန်ကြီးဌာန၏ခန့်အပ်လို သည့် စာရင်းများကို အခြေခံပညာဦးစီးဌာနသို့ ပေးပို့သည့်စာရင်းများ နှင့်အညီ ခန့်ထားပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။

(၉) မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဉီးမင်းမင်း၏ မံစီမြို့နယ်၊ တုံပလွေကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသူ/ သားအင်အား စာရင်းမှာမူလတန်းအဆင့် (၁၁၆)ဉီး၊ အလယ်တန်းအဆင့် (၁၀၂)ဉီး၊ စုစုပေါင်း(၂၁၈)ဉီး ပညာသင်ကြားနေသည့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာများနှင့် ပင်မကျောင်းဆောင်မှာ နှစ်ကာလကြာရှည်လာသည် နှင့်အမျှ ဟောင်းနွမ်းဆွေးမြည့်လာပါသဖြင့် ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လူမှု ရေးဝန်ကြီး ဦးနေဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၎င်းကျောင်း အတွက် (၆၀×၃၀)ပေ Steel Structure (၁)ထပ်ကျောင်းဆောင် ဆောက်လုပ်နိုင်ရေးအတွက် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။


၆။ အစည်းအဝေး(ပထမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “ကချင် ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်းက ဆွေးနွေးခဲ့ပါသည်။

၇။ ကချင်ပြည်နယ်လွှတ်တော်ရေးရာကော်မတီ (၇)ခုအနက် အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာ ကော်မတီ၊ အတွင်းရေးမှူး၊ ဦးတင်အေး အစား ဦးမင်းမင်း (မံစီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) အားလည်းကောင်း၊ ဥပဒေလေ့လာစိစစ်ရေးနှင့် အကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးတူးမော်(တရားရေးဦးစီးမှူး) အစား ဦးမြင့်စန်း (ပြည်နယ်တရားရေး ဦးစီးမှူး) အားလည်းကောင်း၊ ဒေါ်သစ်သစ်ဝင်း(ပြည်နယ်ဥပဒေအရာရှိ) အစား ဒေါ်ဂျေခါးတောင် (ပြည်နယ်ဥပဒေအရာရှိ) တို့အားလည်းကောင်း အသီးသီး အစားထိုးတာဝန်ပေးအပ်ရန် လျာထားပါသဖြင့် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင် သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

၈။ ကချင်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(စတုတ္ထနေ့)ကို နေ့လည် (၁၀) နာရီ (၅၅) မိနစ်အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို (၄-၁၀-၂၀၁၉) ရက် သောကြာနေ့ နံနက် (၁၀) နာရီအချိန်တွင်ကျင်းပရန် လျာထားကြောင်း လွှတ်တော် ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

2019-10-03T15:32:21+00:00