ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)မှတ်တမ်းအကျဉ်းချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ      ရက်)

၁။      ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၄  ရက် (သောကြာနေ့) နံနက် ၁၀ နာရီ အချိန် တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃)ဦးအနက် (၄၈)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က)   ကြယ်ပွင့်ပြမေးခွန်း (၉) ခု မေးမြန်းဖြေကြားခြင်း

(၁)    ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဉီးအောင်သင်း(ခ)ဇော်သင်း၏ ဗန်းမော်မြို့နယ်အတွင်းရှိ အမှတ် (၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုအတွက် သီးသန့်ရုံးနှင့် ဝန်ထမ်းအိမ်ရာတည် ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍  လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက မြေနေရာရရှိပါက ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ တွက်ချက်လျာထားတင်ပြပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဦးစားပေးအစီအစဉ်အရ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၂)    ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဉီးအောင်သင်း(ခ)ဇော်သင်း၏ ဗန်းမော်မြို့နယ်၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ ခရိုင်ရဲမင်းကြီးနေထိုင်သည့် ညောင်ပင်ရပ်ကွက်ရှိ ရဲစခန်းလိုင်းခန်း များသည် နှစ်ကြာလာသည်နှင့်အမျှ ဆွေးမြေ့ပျက်စီးနေပါသဖြင့် မြို့ အင်္ဂါရပ်နှင့်ညီညွတ်ပြီး ခရိုင်ရဲမှူးအဆောင် အယောင်နှင့်ပြည့်စုံသည့် ဝန် ထမ်းအိမ်ရာချထားပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက နေအိမ် ပျက်စီးမှုများ ပြန်လည်ဆောက်လုပ်ပေးနိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တွက်ချက် လျာထားပေးနိုင်ရေးအတွက် တင်ပြတောင်းခံသွားမှာဖြစ်ပြီး ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၃)    အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော်၏ အင်းဂျန်းယန်မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ တွင် မြို့နယ်တစ်ခု၌ ဖွဲ့စည်းပုံအရရှိရမည့် မြို့နယ်ရဲမှူး(၁) စခန်းမှူး၊ တပ်ဖွဲ့အင်အားအပြည့်ဖြင့် တာဝန်ယူထမ်းဆောင်လျက်ရှိရာ မြို့နယ် တစ်ခုတွင် ရှိရမည့် မြို့နယ်မှူးရုံး၊ ရဲမှူးနှင့် စခန်းမှူးနေအိမ်များလိုအပ် လျက်ရှိပါသဖြင့် အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း နှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်ပေးသွား မည် ဖြစ်ပါသည်။

(၄)    မိုးညှင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဉီးတင်အေး၏  ရွှေဘို-မြစ်ကြီးနားလမ်း (ပြည်ထောင်စုလမ်းမကြီး) သည် ပြည်မနှင့် ကချင်ပြည်နယ်သို့ ဆက်သွယ်သည့် အဓိကလမ်းမကြီး ဖြစ်ပြီး မိုးရာသီကာလတွင် ဖားကန့်ဒေသ ကျောက်မျက်ကုမ္ပဏီများ လုပ်ငန်းရပ်နားထားသည့် အချိန်၌ပင် ယာဉ်ကြီး၊ ယာဉ်ငယ် အဆင်း အတက် လွိုင်ခမ်းတောင် မဏိရတနာကျောက်စိမ်း လွမ်းစေတီလမ်းအား ယာဉ်အန္တရာယ်လျှော့ပါးစေရေးအတွက် အဆင်းလမ်းအဖြစ်လည်း ကောင်း၊ လွိုင်ခမ်းတောင် “S” ကွေ့လမ်းပိုင်းအား အတက်လမ်းအဖြစ် လည်းကောင်း အသုံးပြုပါက သင့်လျော်မည်ဖြစ်သဖြင့် လွိုင်ခမ်းတောင် မဏိရတနာ ကျောက်စိမ်းလွမ်းစေတီဘုရားလမ်းအား လမ်းဉီးစီးဌာနမှ ပြည်ထောင်စုလမ်းအဖြစ် သိမ်းသွင်းရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က လမ်းဦးစီး ဌာနပိုင်လမ်းအဖြစ် သိမ်းသွင်းနိုင်ရေးအတွက် လမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပါဝင်သည့်အဖွဲ့ဖြင့် ကွင်းဆင်းတိုင်းတာစစ်ဆေး စေပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။

(၅)   ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်  ဦးဒိန်ခန်ဖုန်(ခ)ခန်လင်၏  ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် ဒသမပုံမှန် အစည်းအဝေး (ပဉ္စမနေ့)တွင် အတည်ပြုခဲ့သည့် အဆို “ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ်အတွက် လိုအပ်သော လျှပ်စစ်ဓါတ်အားကို မုန်လန်ချောင်းမှ ထုတ်ယူနိုင်ရန်အတွက် သင့် လျော်သောနေရာတွင် စက်ရုံတည်ဆောက်ပေးရန်” ကချင်ပြည်နယ် အစိုးရနှင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ပတ် သက်၍ မည်သည့်ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို သိရှိလိုပါသည် မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က လတ်တလောတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် နောင်ဖြစ်လာမည့် အနာဂတ်စီမံကိန်းအဖြစ် မှတ်တမ်းတင်ထားရှိမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၆)   အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်  ဦးဇော်မိုးနော်၏ အင်ဂျန်းယန်မြို့နယ်၊ လျှပ်စစ်မီးရရှိ ရေးအတွက် အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် ရှိ/ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာငွေရရှိနိုင်ရေး လျာထားတင်ပြခဲ့သော်လည်း ရန်ပုံငွေမရရှိခဲ့သည့်အတွက် ရန်ပုံငွေရရှိ နိုင်ရေးအတွက် ဆက်လက်တင်ပြသွားမှာဖြစ်ပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေ ကြားပါသည်။

(၇)   အင်ဂျန်းယန်မြို့နယ်၊    မဲဆန္ဒနယ်အမှတ်(၁)မှ     ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော်၏ အင်ဂျန်းယန်မြို့နယ်၊ ပြည်သူ့ဆေးရုံ ဝင်းအတွင်း ဆေးရုံအဆောက်အဦ(၁)ဆောင်၊ ဝန်ထမ်းအဆောင်အသစ် (၂)ဆောင်၊ ရေစင်၊ ရေသိုလှောင်ကန်များ ရှိသော်လည်း သံဆူးကြိုးများ ဖြင့်သာ ကာရံထားပြီး ပေါက်ပြဲလျက်ရှိရာ ဆေးရုံပစ္စည်း၊ ဝန်ထမ်းများ အတွက် လုံးဝလုံခြုံမှုမရှိပါသဖြင့် ဆေးရုံဝင်းကိုလုံခြုံမှုရရှိအောင် ပတ် လည်အုတ်တံတိုင်းကာရံပေးရန်   အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း ၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကချင် ပြည်နယ်ကုသရေးဦးစီးဌာနမှ ကုသရေးဦးစီးဌာန(နေပြည်တော်)သို့ ရန်ပုံငွေတင်ပြတောင်းခံနိုင်ရေး စိစစ်ဆောင်ရွက်စေမည်ဖြစ်ပြီး ခွင့်ပြု ငွေရရှိလာပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၈)  မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးမင်းမင်း၏ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိ မိုင်းခေါင်အခြေခံပညာ အထက်တန်းကျောင်းတွင် (၉၀×၃၀×၁၅)ပေရှိ ပြည်တော်သာ ကျောင်း ခန်းမဆောင်နှင့် (၁၈၀×၃၀×၁၅)ပေရှိ နတလ ကျောင်းဆောင်တို့သည် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းများဖြင့် ဆောက်လုပ်ထားပြီး နှစ်ကာလကြာ ရှည်လာသည်နှင့်အမျှ ဆွေးမြည့်ပျက်စီးလာပါသဖြင့် ၎င်းကျောင်း ခန်းမဆောင်နှင့် ကျောင်းဆောင်တို့အားဖျက်သိမ်းပြီး အသစ်ဆောက် လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျာထားချက်များ ရေးဆွဲ ရာတင်ပြရာတွင် ထည့်သွင်းစေမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေရရှိလာပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၉)  ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးတင်ဦးယု၏ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲရာတွင် သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ ကိုယ်စားလှယ်များအား ခေါ်ယူညှိနှိုင်းတိုင်ပင် ရမည်ဟု ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေ ပုဒ်မ ၈၄ အရ အတိအကျပြဋ္ဌာန်းထားသဖြင့် ပညာရေး၊  ကျန်းမာရေးဌာနများ၏ ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သိပိုင်ခွင့် ရှိ/မရှိသိရှိ လိုပါသည်မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ပညာရေး၊ ကျန်းမာရေးဌာနများ၏ ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိဒေသအကျိုး၊ ပြည်သူအကျိုးကို မျှော်ကိုးကာ လိုအပ်သလို သက်ဆိုင်ရာမြို့နယ်ပညာ ရေး၊ ကျန်းမာရေးဌာနများသို့ မေးမြန်းခြင်း၊ ညှိနှိုင်းခြင်း၊ ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားပါသည်။

၆။   ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရ သည့် တရားသူကြီး ဦးတူးမော်မှ လွှတ်တော်ဥက္ကဋ္ဌ၏ရှေ့မှောက်၌ ကတိသစ္စာပြုခြင်း နှင့် ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

၇။   ကချင်ပြည်နယ်လွှတ်တော်ရေးရာကော်မတီ (၇)ခုအနက် အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာ ကော်မတီ၊ အတွင်းရေးမှူး၊ ဦးတင်အေး  အစား ဦးမင်းမင်း (မံစီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်() အားလည်းကောင်း၊ ဥပဒေလေ့လာစိစစ်ရေးနှင့် အကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးတူးမော်(တရားရေးဦးစီးမှူး) အစား ဦးမြင့်စန်း (ပြည်နယ်တရားရေး ဦးစီးမှူး) အားလည်းကောင်း၊ ဒေါ်သစ်သစ်ဝင်း(ပြည်နယ်ဥပဒေအရာရှိ) အစား ဒေါ်ဂျေခါးတောင် (ပြည်နယ်ဥပဒေအရာရှိ) တို့အားလည်းကောင်း  အသီးသီး အစားထိုးတာဝန်ပေးအပ်ရန် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များမရှိပါသဖြင့် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

၈။   ကချင်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(စတုတ္ထနေ့)ကို နေ့လည် (၁၁) နာရီ (၀၅) မိနစ်အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကို   (၇-၁၀-၂၀၁၉) ရက် (တနင်္လာနေ့) နံနက် (၁၀) နာရီအချိန်တွင်ကျင်းပရန် လျာထားကြောင်း လွှတ်တော် ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

2019-10-04T17:41:53+00:00