ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)မှတ်တမ်းအကျဉ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်)
၁။ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီ အချိန် တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃)ဦးအနက် (၄၇)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၁၁) ခု မေးမြန်းဖြေကြားခြင်း

(၁) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဉီးယု၏ ကချင်ပြည်နယ်အတွင်းရှိ အချို့သောမြို့ကြီးများတွင် ဓါတ်ဆီဆိုင်များသည် မြို့တွင်း၌ တည်ရှိနေသည့်အပြင် လူနေအိမ်များ နှင့် နီးကပ်စွာတည်ရှိ နေသည့်အတွက် ၎င်းဆိုင်အနီးအနားရှိ လူနေအိမ် များမှ ပြည်သူလူထုများသည် နေ့စဉ်နှင့်အမျှ ပူပင်သောကရောက်နေ ရပါသဖြင့် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၉(ဃ)အရလည်းကောင်း၊ ပုဒ်မ ၁၀(ဂ)အရ လည်း ကောင်း အချက်အလက်များရယူပြီး ဆီဆိုင်များဖွင့်လှစ်ရောင်းချခွင့်ပြု ရေးနှင့် ပတ်သက်သည့် စည်းကမ်းချက်များအား သက်ဆိုင်ရာဌာနအနေ ဖြင့် ထုတ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက သက်ဆိုင်ရာကွင်း ဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးပြီး လိုင်စင်ခွင့်ပြုထုတ်ပေး သင့်ကြောင်း ထောက်ခံတင်ပြပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမှု ဆောင်ကော်မတီအစည်းအဝေးသို့ တင်ပြပြီး ခွင့်ပြုချက်ရရှိပါက သက်တမ်း(၁)နှစ်ရှိ အရောင်းဆိုင်လိုင်စင်/ သိုလှောင်ကန်စခန်းလိုင်စင် များစိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ ဆီဆိုင်ဖွင့်လှစ်ရောင်းချခွင့်ပြုရေး နှင့် ပတ်သက်သည့် စည်းကမ်းချက်များအား သက်ဆိုင်ရာဌာနမှ ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၂) ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားခီဆာ၏ ခေါင်လန်ဖူးမြို့နယ် လမ်းဦးစီးဌာနပိုင် ဖြစ်သည့် ခေါင်လန်ဖူး-ညီတားဒီလမ်း၏ လမ်းပိုင်းတစ်ခုဖြစ်သည့် အရှည် (၉)မိုင်ရှိ ဆုံဆည်းရာကုန်း-ဆရမ်ဖာလမ်းကို (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေး နှစ်တွင် ကားလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ကိုယ်စား) စိုက်ပျိုးမွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကားလမ်းအဖြစ်ဖောက်လုပ်ပေးရန် အစီအစဉ်မရှိ သေးပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

(၃) ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားခီဆာ၏ ခေါင်လန်ဖူးမြို့နယ် ခေါင်လန်ဖူး-ညီတားဒီလမ်းပေါ်ရှိ လာကာလော်ချောင်း ကားကူးတံတားကို ရေရှည် ခိုင်ခံ့သော သံဘောင်ဘေလီတံတားအဖြစ်(၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် တွင် အဆင့်မြှင့်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ကိုယ်စား) စိုက်ပျိုးမွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီးဖြစ် ကြောင်း၊ ဘေလီသံဘောင်တံတားအဖြစ် တည်ဆောက်ပေးနိုင်ရေး အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

(၄) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးရားဝမ်ဂျုံ၏ မချမ်းဘောမြို့နယ် နမ်းခမ်းကျေးရွာအုပ်စုရှိ ကုန်ထုတ်လမ်းနှင့် နမ်းခမ်းရေတံခွန် အပန်းဖြေစခန်းသွားလမ်းကို လည်းကောင်း၊ ဆည်နှင့်လယ်မြေ များကို လည်းကောင်း၊ နမ်းခမ်းချောင်း ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် (၅၁၀)ပေ ရေကာတာတန်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး(ကိုယ်စား) စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကျော်ကျော်ဝင်းက ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကို ကွင်းဆင်းတိုင်းတာဆောင်ရွက်စေပြီး ကွင်းဆင်းစစ်ဆေးချက်အရ ဆောင်ရွက်သင့်သည့် အစီအမံနှင့်စစ်ဆေး ချက် အစီရင်ခံစာတင်ပြလာမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖြေကြားပါသည်။

(၅) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးရားဝမ်ဂျုံ၏ မချမ်းဘောမြို့နယ်၊ ထရန်ဒမ်းကျေးရွာအုပ်စု၊ နမ်ဆဘွမ်ကျေးရွာ မရန်ဒမ်းကွင်းရှိ အကျိုးပြုဧက (၄၆.၂၇)ဧကရှိသည့် ပျက်စီးနေသော မရန်ဒမ်းချောင်း ရေလွှဲဆည်ကို ပြုပြင်တည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရ ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

(၆) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရားဝမ်ဂျုံ၏ မချမ်းဘောမြို့နယ်၊ ထရန်ဒမ်းကျေးရွာ အုပ်စု၊ ထရန်ဒမ်းကျေးရွာတွင် ကျေးရွာအုပ်စုခန်းမ အဆောက်အဦကို သက်ဆိုင်ရာမှ တည်ဆောက်ပေးရန်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းစီမံကိန်း (VDP)နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပြီး ကျေးရွာခန်းမဆောင် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၇) မိုးမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးနေဝင်း၏ မိုးမောက်မြို့နယ်၊ အလင်းကောင်ရပ်ကွက် ပြည်သူ များ အသက်မွေးဝမ်းကျောင်းပြုနေသော စံပြလယ်ယာမြေကုန်ထုတ် လမ်းသည် မိုးရာသီတွင် ရွံ့၊ ဗွက်များနစ်မြုပ်ခြင်း၊ လမ်းများပျက်စီး သဖြင့် ပြည်သူများသွား/လာရာတွင် ခက်ခဲမှုများရှိနေပါသဖြင့် ၎င်းလမ်း အား ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက စက်မှု လယ်ယာဦးစီးဌာန၏ (၅)နှစ်အတွင်း ဆောင်ရွက်ရန်လျာထားချက်မရှိ ပါက စက်မှုလယ်ယာဦးစီးဌာနနှင့် ညှိနှိုင်း၍ ကျေးလက်ကုန်ထုတ်လမ်း အဖြစ် ဘဏ္ဍာငွေလျာထားတင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၈) ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ မန်စေခွန်အုပ်စုရှိ ဘော်ဆာဒီ ကျေးရွာ၊ ဆီထီလော်(၃)ကျေးရွာနှင့် နမ်ရှယ်ကော့ကျေးရွာ(၃)ရွာတို့ တွင် ရေတွင်း(၃)တွင်းသာရှိပြီး မိုးနည်းသည့်နှစ်များတွင် ရေတွင်းခမ်း ခြောက်ခြင်းများ ဖြစ်ပေါ်နေပါသဖြင့် ၎င်းကျေးရွာ (၃)ရွာနှင့် (၇)မိုင်ဝေး သော တောင်ကျချောင်းရေမှ ရေသွယ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း နှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ကျေးရွာများသို့ စိမ့်စမ်းရေသွယ်ယူဆောင်ရွက် သွားမည်ဆိုပါက ရေခမ်းခြောက်ကာလ (ဧပြီလမှ မေလ)များတွင် ကျေးရွာကော်မတီများနှင့် ဖြစ်နိုင်ခြေရှိ/မရှိအား ကွင်းဆင်းတိုင်းတာ စိစစ်ပြီး ဆောင်ရွက်နိုင်ခြေရှိပါက ရန်ပုံငွေတင်ပြတောင်းခံ၍ ရန်ပုံငွေ ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၉) ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ မာမူးလဲ့အုပ်စု၊ မဂျော့ဝါကျေးရွာ တွင် လယ်ဧကပေါင်း (၂၀၀)ကျော်ရှိပြီး လယ်တောသွားရာ ကုန်ထုတ် မြေသားလမ်း အရှည်(၁)မိုင်သည် ရေမြောင်းနှင့် ရွှံ့များစွာရှိနေ၍ ပြည်သူများ သွား/လာရန်ခက်ခဲမှုများစွာ ကြုံတွေ့နေရပါသဖြင့် ၎င်း ကုန်ထုတ်မြေသားလမ်း(၁)မိုင်အား ကျောက်ခင်းလမ်းအဖြစ် ဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် တောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၁၀) ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သင်း(ခ)ဇော်သင်း၏ ဗန်းမော်မြို့နယ်အတွင်း တာပိန် မြစ်နှင့် ဧရာဝတီကြား ကျွန်းပေါ်ရှိ ကျေးရွာများအနက်မှ မိုးစိန်းကျွန်း ကျေးရွာသည် လျှပ်စစ်မီးမရရှိသေးဘဲ ကျန်ကျေးရွာများသည် လျှပ်စစ် မီးရရှိပြီးဖြစ်ပြီး ၎င်းကျေးရွာသည် မြစ်ရေကြီးချိန်တွင် ရေနစ်မြှုပ်သော ရွာဖြစ်သဖြင့် လျှပ်စစ်မီးသွယ်တန်းရန် အခက်အခဲရှိပါက ဆိုလာစနစ် ဖြင့် လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း ၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Call For Proposal CFP-4 တွင် ဆိုလာ အသေးစားဓါတ်အားပေးစနစ် Mini Grid ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာအမည်စာရင်း တင်ပြထားပြီးဖြစ်ကြောင်း ဖြေကြားပါသည်။

(၁၁) မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၏ မံစီမြို့နယ်၊ ဂတ်ရောန်းကျေးရွာ၏ လက်ရှိဖွင့်လှစ်ထား သော ကိုယ်ထူကိုယ်ထတွဲဖက်ကျောင်းအား နိုင်ငံတော်အစိုးရ၏ အခြေခံပညာမူလတန်းကျောင်းအဖြစ် သတ်မှတ်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ၂၀၂၀-၂၀၂၁ ကျောင်းအဆင့်တိုးများခေါ်ယူချိန်မှာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ သက်ဆိုင်ရာကျောင်းမှ မြို့နယ်/ခရိုင်/ပြည်နယ်ပညာရေးမှူးရုံး သို့ အချက်အလက်များပြည့်စုံစွာဖြင့် အဆင့်ဆင့် တင်ပြလာပါက ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသို့ အ.မ.က(ခွဲ)ကျောင်း အဆင့် ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ထပ်မံတင်ပြတောင်းခံသွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။

၆။ အစည်းအဝေး(ပထမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “ကချင် ပြည်နယ် ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ဥပဒေကြမ်း ကော်မတီ၏ စိစစ်ချက်အစီရင်ခံစာပါ အကြံပြုချက်များအပေါ် လွှတ်တော်သို့ ပြန်လည်ရှင်းလင်း ခဲ့ပါသည်။

၇။ အစည်းအဝေး(ဒုတိယနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်မှ စိစစ်ချက်အစီရင်ခံစာအား လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

၈။ ကချင်ပြည်နယ်လွှတ်တော်ရေးရာကော်မတီ (၇)ခုအနက် ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးကော်မတီ၊ အဖွဲ့ဝင်၊ ဗိုလ်မှူးဆန်းကျော်သူ၊ အစား ဗိုလ်မှူးကျော်သူမျိုး အားလည်းကောင်း၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကော်မတီ၊ အဖွဲ့ဝင်၊ ဗိုလ်မှူးမျိုးသူအောင် အစား ဗိုလ်မှူးထင်လင်းထွန်း အား လည်းကောင်း အသီးသီးအစားထိုး တာဝန် ပေးအပ်ရန် လျာထားပါသဖြင့် ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

၉။ ကချင်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(ဆဋ္ဌမနေ့)ကို နေ့လည် (၁၁) နာရီ (၅၀) မိနစ်အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့) ကို (၈-၁၀-၂၀၁၉) ရက် (အင်္ဂါနေ့) နံနက် (၁၀) နာရီအချိန်တွင် ကျင်းပရန်လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

2019-10-09T17:15:51+00:00