ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)မှတ်တမ်းအကျဉ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ   ၈   ရက်)

၁။      ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၈  ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃)ဦးအနက် (၄၈)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က)   ကြယ်ပွင့်ပြမေးခွန်း (၁၁) ခု မေးမြန်းဖြေကြားခြင်း

(၁)    ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလေး၏ ခေါင်လန်ဖူးမြို့နယ်၊ ရှာကာဒီ(ခ) အမတ်ပေါ်ရွာ၊ ကျဲမိဒါဂူရွာနှင့် ခီဆီဒီရွာ (၂၅)မိုင်ခန့်အတွင်း ရေကြီးရေ လျှံ၊ တောင်ပြို၊ ကမ်းပြိုမှုကြောင့် ပိတ်ဆို့သွားသောလမ်းအား ဖယ်ရှား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက သက်ဆိုင်ရာဌာန များနှင့် နယ်မြေကွင်းဆင်းစစ်ဆေးပြီး ရရှိလာတဲ့အချက်အလက်များပေါ် မူတည်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေး(၅)နှစ်စီမံကိန်းတွင် တင်ပြဆောင်ရွက် သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။

(၂)    ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလေး၏ ခေါင်လန်ဖူးမြို့နယ်၊  ချီထုဖန်အုပ်စု၊ ဇီးထန်အုပ်စု၊ ဒါလန်အုပ်စု၊ လားတားကော်အုပ်စု၊ ဇံယော့အုပ်စု၊ ရနင်ထီ အုပ်စုနှင့် ဆက်သွယ်သွားလာကြသော ချာကော်ချောင်းပေါ်ရှိ နန်ဆိန် တံတားပေ (၂၀၀)ခန့်အား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေး နိုင်ပါရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ပေ(၁၀၀)နှင့်အထက် ကွန်ကရစ်တံတားတည်ဆောက်ရန် မရှိပါကြောင်းနှင့် ပေ(၁၀၀)အထက် ကွန်ကရစ်တံတားတည်ဆောက်မည်ဆိုပါက ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ ကွပ်ကဲမှုအောက်မှ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပါသည်။

(၃)    မိုးကောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်မြသွေးစံ၏ မိုးကောင်းမြို့နယ် (၈)မိုင်ကျေးရွာအတွင်းရှိ ရဲစခန်းကို ၂၀၁၈ ခုနှစ် တွင် ပိတ်သိမ်းခံရသည့်အတွက် ၎င်းဒေသအတွင်း ရှိ ကျေးရွာငယ်များ၏ တရားဉပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ထိခိုက် နေပါသဖြင့် ပြန်လည်ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက ပြည်သူလူထုပူးပေါင်းပါဝင်သော နယ်မြေရဲကင်းစခန်း ဖွင့်လှစ်ရန် လတ်တလောလိုအပ်မှုမရှိသေးပါကြောင်းနှင့် နောင်တွင်နယ် မြေဒေသတည်ငြိမ်အေးချမ်းလာပါက ရဲအင်အားနှင့် ပြည်သူအင်အား အချိုးအစားပေါ်မူတည်၍ ရဲစခန်းဖွင့်လှစ်နိုင်ရေး လုပ်ထုံးလုပ်နည်းများ နှင့်အညီ အဆင့်ဆင့်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၄)    ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်မှ နမ်ထွမ်ခူးရွာ အထိ (၁၄)မိုင်ရှိသည့်အနက် လမ်းခင်းရန်ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက် စည်ပင်လမ်းဖြစ်သည့် (၁)မိုင် (၃)ဖာလုံ လမ်းနှင့် နတလ လမ်းခင်းရာ တွင် ပျက်စီးသွားသော လမ်းနှင့်ရေကျော်ပိုက်များအား ဆက်လက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် မူလရန်ပုံငွေတွင် လျာထားတင်ပြခဲ့ပြီး လက်ရှိအခြေအနေတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တင်ဒါခေါ်ယူခြင်း ဆောင်ရွက်နေပါ ကြောင်း၊ ကျန်မြို့ပေါ်ရပ်ကွက်လမ်းပိုင်းများကို စည်ပင်သာယာရေးအဖွဲ့ ၏ အစီအမံဖြင့်သာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေကြား ပါသည်။

(၅)   အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်၏ ကချင်ပြည်နယ်တွင် ပြဋ္ဌာန်းပြီး သော ဥပဒေများအနက် ကချင်ပြည်နယ် ယစ်မျိုးခွန်ဥပဒေနှင့်စပ်လျဉ်း၍ လူငယ်များသောက်စား၊ မူးယစ်ခြင်းအလေ့အထကို လျှော့ပေါ့စေရန်၊ အသက်၊ အလုပ်အကိုင်၊ ဝင်ငွေရရှိမှုအပေါ်စိစစ်ပြီးမှ ဆိုင်တွင်အရက် ဝယ် ယူသောက်စားမှုကို ကန့်သတ်မှုပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ မြစ်ကြီးနားမြို့ပေါ်ရှိ ယစ်မျိုးလိုင်စင်ရယူထားမှုသည် မြို့၏ လူဦးရေ အချိုးအရ လိုအပ်သည်ထက် အဆမတန်များပြားနေမှုကို လျှော့ချရန်နှင့် ကန့်သတ်ရန်၊ ကချင်ပြည်နယ်၏ မြို့နယ်အသီးသီးတွင် လူငယ်များ၏ အနာဂါတ်ကို ဖျက်ဆီးနေသော အရက်သေစာသောက်စားမှုသည် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဘိန်းနှင့်စိတ်ကြွဆေးများကြောင့် အန္တရာယ်ဖြစ်ပေါ်ပြီးလျှင် ဒုတိယနေရာလိုက်နေသောကြောင့် ထိရောက် သော ကန့်သတ်မှု၊ ထိန်းချုပ်မှုပြုလုပ်ရန် အစီအစဉ် ရှိ/ မရှိ၊ ဥပဒေအရ လိုက်နာမှုမရှိသော ယစ်မျိုးလိုင်စင်ရှိသောဆိုင်၊ မရှိသောဆိုင်များကို ဒဏ်ကြေးငွေဆောင်စေခြင်းဖြင့်သာမဟုတ်ဘဲ ထိရောက်သော အစီအစဉ်များချမှတ်ပြီး ပိတ်သိမ်းရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ကချင်ပြည်နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တရားမဝင် ယစ်မျိုးဆိုင်များ ဖမ်းဆီးအရေးယူခဲ့ပြီး စီမံချက်ရေးဆွဲကာ ထိထိရောက် ရောက် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

(၆)   ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားခီဆာ၏ ခေါင်လန်ဖူးမြို့နယ်၊ ကျေးရွာအုပ်စု (၂၆)ခုရှိ အိမ်ထောင်စု(၂၁၅၀)စုအနက်မှ မီးလင်းရေးအတွက် ဆိုလာ ပြားပံ့ပိုးရန် ကျန်ရှိနေသေးသည့် အိမ်ထောင်စု (၉၂၂)စုနှင့် ထပ်တိုး အိမ် ထောင်စု (၂၅)စု စုစုပေါင်းအိမ်ထောင်စု (၉၄၇)စု အတွက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဆိုလာမီးရရှိရေး ပံ့ပိုးကူညီပေးရန်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နိုင် ရေး လျာထားတင်ပြသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၇)   ဆွမ်ပရာဘွမ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဒွဲ၏ မြစ်ကြီးနားမြို့နယ်၊ ယုဇနရပ်ကွက်၊ ယန္တရား လမ်းမကြီးသည် ကတ္တရာများ ပေါက်ပြဲပျက်စီးခြင်း၊ မိုးရေများ ချိန်တွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေပါသဖြင့် ၎င်းလမ်းမကြီးအား အမြန်ဆုံး ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မူလလျာထားစာရင်းတွင်းပါဝင်ခြင်းမရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေတွင်လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း ဦးစားပေးဆောင်ရွက်နိုင်ရေး တင်ပြ သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၈)  ဆွမ်ပရာဘွမ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဒွဲ၏ ကချင်ပြည်နယ်အတွင်းရှိ ကျောင်းသူ/သား များအားလုံး တက်ရောက်ပညာသင်ကြားနေသော မြစ်ကြီးနား တက္ကသိုလ်တွင် ကျောင်းသူ/သားများ၏ ဆိုင်ကယ်၊ ပစ္စည်းများ မကြာ ခဏ ပျောက်ဆုံးခြင်းဖြစ်ပေါ်လျက်ရှိပါသဖြင့် ကျောင်းသူ/သားများ လုံခြုံစွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းလုံခြုံရေးအား အထူး အလေးပေး ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ကျောင်းလုံခြုံရေးအတွက် ကချင်ပြည် နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် တက္ကသိုလ်နယ်နိမိတ်များအား ခြံစည်း ရိုးကာရံပေးခဲ့ပြီး ကျောင်းဝင်းအတွင်းသို့ ဝင်/ထွက်ဂိတ်များတွင် နေ့/ည တာဝန်များ စနစ်တကျချထားပြီး ဝင်/ထွက်စေရန် ကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားပါသည်။

(၉)  ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဦးရွှေလေး၏ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်အုပ်စု၊ ချီလာဝါဒီ (အ.လ.က)ကျောင်းအား RC တစ်ထပ် ကျောင်းဆောင်သစ် (၈၀×၃၀) ပေ တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထား တင်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုရန်ပုံငွေရရှိ လာပါက ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၁၀) ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလေး၏ ပညာရေးဝန်ထမ်း ကျောင်းဆရာ/မများ အပြောင်းအရွှေ့ လုပ်ဆောင်ရာတွင် စံနှုန်းရမှတ်တစ်ခုတည်း သတ်မှတ် ခြင်းမဟုတ်ဘဲ အခက်အခဲဆုံးဒေသမှာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရမှတ်ပိုတိုးမြှင့်သတ်မှတ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ပညာရေးဝန်ထမ်း များ ရာထူးတိုး/ပြောင်းရွှေ့လုပ်ဆောင်ရာတွင် စံနှုန်းရမှတ်တစ်ခုတည်း သတ်မှတ်ခြင်းမဟုတ်ဘဲ ဝေးလံခေါင်းပါးဒေသတွင် တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများအား ရမှတ်ပိုတိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားပါသည်။

(၁၁) ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလေး၏ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်အုပ်စု၊ နယ်ခြားမှတ်တိုင် (၃၁) လော်ဝူးချီလာကျေးရွာ (သို့) ရှိန်းခေါင်ရွာ တစ် နေရာရာတွင် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်(အနီ) ပြုလုပ်ပေးနိုင်ရေး အတွက် (လဝက)ဌာနတစ်ခု ဖွင့်လှစ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးဇော်ဝင်းက နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ပြုလုပ်ပေး နိုင်ရေးအတွက် လက်ရှိအခြေအနေတွင် ဆောင်ရွက်၍မရနိုင်ပါ ကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးမှသာ ထုတ်ပေး နိုင်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။

၆။      အစည်းအဝေး(ပထမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “ကချင်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ သဘောထားကို နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်မှ တင်သွင်းခဲ့ပြီး ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက လွှတ်တော်တွင် အတည်ပြုပေးနိုင်ပါရန် တင်သွင်းခဲ့ပါသဖြင့် လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

၇။      အစည်းအဝေး(ဒုတိယနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း” နှင့် ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးယုနှင့် အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်တို့ (၂)ဦးမှ လွှတ်တော်တွင် ဆွေးနွေးခဲ့ပါသည်။

၈။      ကချင်ပြည်နယ်လွှတ်တော်ရေးရာကော်မတီ (၇)ခုအနက် ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးကော်မတီ၊ အဖွဲ့ဝင်၊ ဗိုလ်မှူးဆန်းကျော်သူ၊ အစား ဗိုလ်မှူး ကျော်သူမျိုး အားလည်းကောင်း၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကော်မတီ၊ အဖွဲ့ဝင်၊ ဗိုလ်မှူးမျိုးသူအောင် အစား ဗိုလ်မှူးထင်လင်းထွန်း အားလည်းကောင်း အသီးသီးအစားထိုး တာဝန်ပေးအပ်ရန် ကန့်ကွက်ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်မရှိပါသဖြင့် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

၉။   ကချင်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(သတ္တမနေ့)ကို နေ့လည် (၁၂) နာရီ (၀၅) မိနစ်အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) ကို   (၉-၁၀-၂၀၁၉) ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀) နာရီအချိန်တွင် ကျင်းပရန်လျာထားကြောင်း လွှတ်တော် ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

2019-10-09T14:09:07+00:00