ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)မှတ်တမ်းအကျဉ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်)

၁။ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃)ဦးအနက် (၅၀)ဦး တက်ရောက်သည်။

၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၁၁) ခု မေးမြန်းဖြေကြားခြင်း

(၁) ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်ရှီးဇော်လွမ်းလမ်း၏ ဆော့လော်မြို့နယ်၊ လောင်ဒင်ကျေးရွာ၊ လော်မောချောင်း ကူးတံတားအရှည်ပေ(၁၂၀) ကျေးရွာချင်းဆက် တံတားအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် သံဘောင်ဘေလီတံတား ထပ်မံတည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက နယ်မြေကွင်းဆင်းစစ်ဆေးစေပြီး ရရှိလာတဲ့ အချက်အလက်များအပေါ် မူတည်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေး (၅)နှစ်စီမံကိန်းတွင် ထည့်သွင်းလျာ ထားသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ဦးစားပေးအစီစဉ်အရ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၂) ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားခီဆာ၏ ခေါင်လန်ဖူးမြို့နယ်၊ ထလားလော်မှ ဆရမ်ဖာသို့ ဆက်သွယ်ထားသည့် အရှည်(၁၂)မိုင်ကျော်ရှိ လူသွားလမ်း ကို ဒေသလိုအပ်ချက်အရ ဆိုင်ကယ်များ၊ ယာဉ်ငယ်များ သွားလာနိုင် သည့် (၁၂)ပေ အကျယ်လမ်းအဖြစ် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက နယ်မြေကွင်းဆင်း စစ်ဆေးစေပြီး ရရှိလာတဲ့ အချက်အလက်များအပေါ် မူတည်၍ နယ်စပ် ဒေသဖွံ့ဖြိုးရေး (၅)နှစ်စီမံကိန်းတွင် ထည့်သွင်းလျာထားသွားမည်ဖြစ် ပြီး ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ဦးစားပေးအစီစဉ်အရ ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၃) ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားခီဆာ၏ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်ကျေးရွာ အုပ်စုအတွင်းရှိ နန်ဆိန်၊ ဂျီဂုံ၊ မီချယ်၊ ရီဇွမ်၊ မရန်ဒုံ၊ ပဇယ်၊ ဇီးထန် ရွာချင်း ဆက်လမ်း (၁၆)မိုင်ကျော်ကို ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် (၂၃)ပေ အကျယ် ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း က နယ်မြေကွင်းဆင်းစစ်ဆေးစေပြီး ရရှိလာတဲ့အချက်အလက်များ အပေါ် မူတည်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေး (၅)နှစ်စီမံကိန်းတွင် ထည့်သွင်း လျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ဦးစားပေးအစီစဉ် အရ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၄) မိုးမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးနေဝင်း၏ နိုင်ငံ၏ နေ့ကြီး/နေ့ရက်များတွင် မြို့နယ်များအလိုက် ကျင်းပပြုလုပ်သော အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် ကုန်ကျ စရိတ်များကို ကိုယ်ထူကိုယ်ထ အလှူခံပြီး ကျင်းပပြုလုပ်နေရပါသဖြင့် ၎င်းအခမ်းအနားများ၏ ကုန်ကျစရိတ်များကို ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေထိုက်သင့်သလို ခွဲဝေချထားပေးနိုင်ရေး အစီအစဉ်ရှိ/မရှိမေးခွန်း နှင့် စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း က ဘဏ္ဍာရန်ပုံငွေထည့်သွင်းလျာထားခြင်း မရှိသေးပါသဖြင့် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၅) ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ၏ ဆော့လော်မြို့နယ်၊ လာချင်ကျေးရွာ မြေနေရာရှင်းလင်းခြင်းအတွက် ကျပ်သန်းပေါင်း (၆၅.၀၀၀)အား ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းတွင် ချထားပေးခဲ့ သော်လည်း ယခုအချိန်ထိ လာရောက်မှုမရှိသည့်အတွက် မည်သည့် အချိန်တွင် လာရောက်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်မေးခွန်းနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီးဖြစ်သဖြင့် ပြန်လည်ရုပ်သိမ်းသွားခဲ့ပါသည်။

(၆) ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သင်း(ခ)ဇော်သင်း၏ ဗန်းမော်မြို့နယ်အတွင်း ဗန်းမော် အထက် မိုးလဲချောင်းနှင့် ဧရာဝတီမြစ်ဆုံရာအရပ်ရှိ ကျွန်းကြီးရွာသည် မိုးတွင်းကာလတွင် ဧရာဝတီမြစ်ရေ ကြီးခြင်းကြောင့် ရွာမှာရေမြုပ် ဧရိယာအတွင်းပါဝင်ခဲ့ပြီး ရေကျချိန် ဧရာဝတီမြစ်ရေသည် ရွာထိပ်ရှိ လျှိုအတွင်းသို့ ရေပြင်းထန်စွာဝင်ရောက်မှုကြောင့် လမ်းပျက်စီးခြင်း၊ နေအိမ်(၄)လုံး ရေတိုက်စားခံရ၍ ကျွံကျခြင်း၊ ရေမြောင်းကြီးများဖြစ် ပေါ်ခြင်းကြောင့် ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ရေကာတာ၊ ရေလွှဲမျှောကွန်ကရစ်တန်းများ ဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့် က ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ကွင်းဆင်းတိုင်းတာစစ်ဆေးမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးချက် အစီရင် ခံစာများ တင်ပြလာမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ဖြေကြားပါသည်။

(၇) ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးHလအောင်၏ ဖားကန့်မြို့နယ် ပြည်သူများနှင့် ကျောက်စိမ်း လုပ်ငန်းရှင်များ၏လိုအပ်ချက်ဖြစ်သောလုံးခင်းကျေးရွာနှင့် ကျောက်စိမ်း တူးဖော်ရေးဌာန အ.ထ.က (လုံးခင်း) ကျောင်းဆောင်ကြားရှိ ဉရုချောင်း ဖြတ်ကူးဘေလီတံတားမှာ နှစ်ကာလကြာရှည်လာသည်နှင့်အမျှ ဆွေးမြည့်ပျက်စီးနေပြီး အသုံးပြု၏ရန်မသင့်သည့် တံတားဖြစ်ပြီး အချိန် မရွေးပျက်စီးနိုင်သော တံတားဖြစ်သောကြောင့် ကျောင်းသူ/သားများနှင့် ပြည်သူများ ဖြတ်သန်းသွားလာရာတွင် စိုးရိမ်နေရသည့် အခြေအနေတွင် ရှိနေပါသဖြင့် သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းမဟုတ်ပါသဖြင့် လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနတို့မှ အဆင့်မြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်မရှိပါကြောင်းနှင့် နည်းပညာပိုင်းဆိုင်ရာလိုအပ်ပါက ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၈) ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ ပူးတောင်အုပ်စု၊ မုဒုံ(၁)ကျေးရွာထိ ဆက်သွယ်ထား သည့် လမ်းသည်(၃)မိုင်၏ ရှည်လျားပြီး ၎င်းလမ်းကို ပမ္မတီးအုပ်စုနှင့် မန်စေခွန်အုပ်စုတို့ ဆက်သွယ်ထားပြီး ပူတာအိုမြောက် ပိုင်း ခါကာဘိုရာတောင်ကြီးဘက်သွားလမ်း လည်းဖြစ်သည့်အပြင် လူနေထူထပ်သောအပိုင်းလည်းဖြစ်ပြီး လမ်းတံတားမကောင်းမှုကြောင့် ခရီးသွားများ အရောက်အပေါက်နည်းလှသဖြင့်၎င်းလမ်းအား ကွန်ကရစ် လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း ၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင် တောင်းခံပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည် ၍ ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၉) ဆွမ်ပရာဘွမ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဒွဲ၏ မြစ်ကြီးနားမှ တီယန်ဇွပ်ကျေးရွာထိ (၄၂)မိုင် နှင့် (၅၃)မိုင်ကြားရှိ လမ်းများနှင့် ပျက်စီးနေသောရေထုတ်ပြွန်များ အမြန် ဆုံး ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ဖြည့်စွက်ရန်ပုံငွေတွင် လျာထားတောင်း ခံပေးသွာမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(၁၀) ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ မန်စေခွန်အုပ်စု၊ ဖန်ခိုင်(၁) ကျေး ရွာနေ ပြည်သူများအတွက် တစ်ဖက်ကမ်းသို့သွားလာရာတွင် ပိုမိုအဆင် ပြေစေရန် နမ်ပလပ်ချောင်းကူး ကြိုးတံတားတစ်စင်း လိုအပ်လျက်ရှိပါ သဖြင့် ကြိုးတံတားတစ်စင်း ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလှူရှင်းတစ်ဦးက ကူညီပံ့ပိုးပေးသည့်အတွက် မေးခွန်းကို ပြန်လည်ရုပ်သိမ်းသွားခဲ့ပါသည်။

(၁၁) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးတင်ဦးယု၏ စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေး လိုင်စင်များ လေလံတင်ရောင်းချရေးနှင့်စပ်လျဉ်း၍ အခြေခံဥပဒေနှင့် ကွဲလွဲဆန့်ကျင်၍လည်းကောင်း၊ အခက်အခဲအမျိုးမျိုး အကြောင်းပြ၍ ပွင့်လင်းမြင်သာမှုမရှိ၊ ခေတ်နှင့်မလျော်ညီတော့သည့် လေလံစည်း ကမ်းအား ပြန်လည်ပြင်ဆင်ပေးရန်နှင့် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များဆိုင်ရာ အခန်း (၁၅) ပုဒ်မ ၈၄ အရ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံ ဉာဏ်ပေးနိုင်ရေး လေလံစည်းကမ်းများ ရေးဆွဲရာတွင် ပါဝင်ခွင့်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက လေလံစည်းကမ်းချက်များရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံဉာဏ်တောင်းခံရမည်ဟု ကချင် ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိပါကြောင်း ဖြေကြားအပ်ပါသည်။

၆။ အစည်းအဝေး(ဒုတိယနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ စိစစ်ချက်အစီရင်ခံစာပါ အကြံပြုချက်များအပေါ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ဖြေကြားခဲ့ပါသည်။

၇။ အစည်းအဝေး(ဒုတိယနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က သဘော ထားတင်ပြပြီး ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက လွှတ်တော်သို့ အတည်ပြုပေးနိုင်ပါရန်တင်သွင်းပြီး လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

၈။ ကချင်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(အဋ္ဌမနေ့)ကို နေ့လည် (၁၂) နာရီ (၀၅) မိနစ်အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ကြောင်း လွှတ်တော် ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

2019-10-10T09:41:20+00:00