ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)မှတ်တမ်းအကျဉ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) မှတ်တမ်းအကျဉ်း

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်)

၁။      ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက် (အင်္ဂါနေ့) နံနက်(၁၀)နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃) ဦး အနက် (၄၈)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေး(ဒုတိယနေ့)တွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(က)    ကြယ်ပွင့်ပြမေးခွန်း (၁၁) ခု မေးမြန်းဖြေကြားခြင်း

(၁)   ဆွမ်ပရာဘွမ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်ဂျေထုရော်၏ ဆွမ်ပရာဘွမ်မြို့နယ်၊ မြို့မရပ်ကွက်ရှိ မြေဧရိယာ (၀.၄၇၆) ဧကရှိ မြေနေရာသည် မြေပြန့်ဖြစ်ပြီး ယခင် ၂၀၀၈ ခုနှစ်တွင် ကုန်သွယ် လယ်ယာဌာနအဖြစ် လျှောက်ထားခဲ့ရာ ဂိုဒေါင်တစ်လုံးသာ ဆောက်လုပ်ထားရှိ ပြီး ကျန်မြေလွတ်နေရာ များရှိနေ၍ ၎င်းနေရာတွင် ဌာနဆိုင်ရာဝန်ထမ်း အားလုံး အတွက် ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၄)ထပ် နှစ်ဆောင်အိုးအိမ်ဌာနဖြင့် ဆောက် လုပ်ပေးရန် လိုအပ်နေပါသဖြင့် အဆိုပါကုန်သွယ်လယ်ယာမြေလွတ်နေရာအား စွန့်လွှတ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက စားသုံးသူရေးရာဦးစီးဌာနပိုင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မြို့မရပ်ကွက်ရှိ ဦးပိုင်(၂၉)မြေဧရိယာ (၀.၄၇၆)ဧကရှိ မြေကွက်နှင့် (၆၀×၄၀) အမြင့် (၁၂)ပေသွပ်သိုလှောင်ရုံတို့ကို ပုဂ္ဂလိပိုင်ပြုလုပ်ရေးကော်မတီသို့ ကချင်ပြည်နယ်မြို့ပြအိမ်ရာဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တင်ပြတောင်းခံနိုင်ရေး လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ကချင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

(၂)    မိုးညှင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၏ မိုးညှင်းမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးမှ လက်ပန်တန်း ကျေးရွာ၊ ဘုရားကွင်းရွာချင်းဆက်လမ်းအရှည် (၁)မိုင် (၂)ဖာလုံ အကျယ်(၁၂)ပေ ရှိလမ်းအား အရှည်(၁)မိုင် (၂)ဖာလုံ အကျယ်(၁၆)ပေ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးဝင်းညွန့်က ကျေးလက်ဒေသဖွံ့ဖြိုးရေးပိုင်လမ်းဖြစ်ပြီး ကွန်ကရစ် လမ်းအဖြစ် အဆင့်မြင့်တင်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၃)   ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန်(ခ)ခန်လင်၏ ပူတာအိုမြို့နယ် ဖွံ့ဖြိုးတိုးတက်မှုရှိလာစေရန်အတွက် လုံရှာယာန်ကျေးရွာ ဓါတ်အားရရှိရေးရွာတွင်း (၃)မိုင်၊ ဖတ်မာစွပ်-လုံရှာယာန် ဓါတ်အားကြိုးသွယ်တန်းခြင်း(၇)မိုင်အား ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၄)   ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု၏ ရွှေကူမြို့နယ်၊ စီငန်းကျေးရွာသည် ကသာ-ဗန်းမော် ကားလမ်း ဘေးတွင်တည်ရှိပြီးရွာမှ လယ်တောများသို့သွားလာရာတွင် ကားလမ်းအားဖြတ် ကျော်၍ မြောင်းကူးတံတားမှ ကုန်ထုတ်လမ်းအတိုင်း သွားလာနေရသည်ဖြစ်ရာ ၎င်းတံတားသည် ဆွေးမြည့်လာနေပြီဖြစ်သောကြောင့် ပြန်လည်ဆောက်လုပ် ပေးရန်နှင့် (၁)မိုင်ခန့်ရှည်လျားသော ကုန်ထုတ်လမ်းအားလည်း ပြုပြင်ဖော်ထုတ် ပေးရန်အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး အလိုက် ဆောင်ရွက်နိုင်ရေးရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၅)   ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု၏ ရွှေကူမြို့နယ်၊ မြို့ကုန်းကျေးရွာသည် မိုးစစ်ချောင်းဘေးတွင် တည်ရှိပြီး ရွာသူ/သားများ လယ်မြေများနှင့် ကုန်ထုတ်လမ်းသို့သွားလာရာတွင် ချောင်းကူး တံတားအား အသုံးပြု၍ သွားလာနေရာ ၎င်းချောင်းကူးတံတားသည် အိုမင်းယိုယွင်း လာနေပြီဖြစ်သဖြင့် အဆိုပါချောင်းကူးတံတားနှင့် ကုန်ထုတ် လမ်းတို့အား သက်ဆိုင်ရာမှ တာဝန်ယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေး ခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း က ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအလိုက် ဆောင်ရွက်နိုင်ရေး ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်း လင်းဖြေကြားပါသည်။

(၆)   မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၏ မံစီမြို့နယ်၊ မုန်းတိန်းပါကျေးရွာတွင် စစ်ဘေးရှောင်တောင်သူများ ပြန်လည်နေထိုင်ပြီဖြစ်၍ ကျေးရွာအနီးတောင်သူ(၂၁)ဦး၊ လယ်မြေဧက (၃၆၃.၇၉)အား စစ်ဖြစ်ကာလကြား မစိုက်ပျိုး၍နေခဲ့သည်မှာ (၈)နှစ်ခန့်ရှိသော ကြောင့် မြေများအား နိုင်ငံတော်မှ လယ်မြေပြန်လည်ဖော်ထုတ်ပေးနိုင်ပါရန်   အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေတွင် ထည့်သွင်းသွားမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုရရှိပါက လယ်မြေပြန်လည်ဖော်ထုတ် ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

(၇)   ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ မာမူးလဲ့ကျေးရွာအုပ်စု နမ်တုံလီကျေးရွာ ပြည်သူ လူထုများ သောက်သုံးရေအခက်အခဲရှိနေပါသဖြင့် သောက်သုံးရေ အဆင်ပြေနိုင် ရေးအတွက် ရွာမှ (၃)မိုင်ခန့်တွင်ရှိသော စမ်းချောင်းမှ ရေသွယ်လုပ်ငန်းဆောင် ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအလိုက် ဆောင်ရွက်နိုင်ရေး ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိ ပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်း လင်းဖြေကြားပါသည်။

(၈)   ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ မန်စေခွန်ကျေးရွာအုပ်စုရှိ ဆီထီလော်ကျေးရွာ၊ နမ်ရှယ်ကော့ကျေးရွာနှင့် ဝင်းလုံကျေးရွာ(၃)ရွာတို့တွင် ရာသီမရွေး ရေရရှိနိုင်ရေး အတွက် ဘော်ဆာဒီကျေးရွာအနီးမှစီးဆင်းနေသော ချောင်းမှ ရေသွယ်လုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအလိုက် ဆောင်ရွက်နိုင်ရေး ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိ ပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်း လင်းဖြေကြားပါသည်။

(၉)   အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်၏ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် နဝမပုံမှန် အစည်းအဝေး(ပထမနေ့) (၂၉-၁၁-၂၀၁၇)ရက်နေ့တွင် အင်ဂျန်းယန်မြို့နယ်၊ မြစ်ဆုံ ကျေးရွာအုပ်စု၊ တန်ဘောင်ယန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ ဆေးခန်းတစ်ခုကို ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ချထားပေးရန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းအောင်မြင်ခဲ့ပြီး သက်ဆိုင်ရာ ပြည်နယ်ကျန်းမာရေး နှင့် ကုသရေးဌာနမှလည်း ပြည်ထောင်စုအစိုးရ ကျန်းမာရေးဝန်ကြီးဌာနသို့ အဆင့်ဆင့်တင်ပြဆောင်ရွက်ခဲ့ပြီး ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်းကို သိရှိခဲ့ရ သော်လည်း ယခုလက်ရှိအချိန်ထိ လုပ်ငန်းစတင်ဆောင်ရွက်ခြင်းမရှိသေးပါ သဖြင့် မည်သည့်အချိန်၌ မြေပြင်တွင် စတင်အကောင်အထည်ဖော်မည်ကို သိရှိ လိုပါသည်မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ဌာနပိုင်မြေ နေရာရရှိရေးအတွက် အင်ဂျန်းယန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ (၁၁၁၂၂၀၁၉)ရက်စွဲပါစာအမှတ်၊ (၄၀၇)စမရ/၂၀၁၉ ဖြင့် အင်ဂျန်းယန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားပြီးဖြစ်၍ မြေနေရာရရှိလာပါက စံကိုက်အဆောက်အဦဆောက်လုပ်ခွင့်ရရှိရေး ဦးစားပေးတင်ပြဆောင်ရွက်စေ မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၁၀) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရားဝမ်ဂျုံ၏ မချမ်းဘောမြို့နယ်၊  အ.မ.က(အမ်ဘူဒမ်း)ကျောင်းတွင် ပညာ သင်ယူ နေကြသည့် ကျောင်းသူ/သား (၆၂)ဦး ဘေးကင်းလုံခြုံစွာ ပညာဆည်းပူး နိုင်ရေးအတွက် (၉၀ပေ×၃၀ပေ)ရှိ အ.မ.က(အမ်ဘူဒမ်း)ကျောင်း ပင်မဆောင်ကို ဖျက်သိမ်းပြီး အသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ၂၀၂၀၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် (၆၀×၃၀)ပေ Steel Structure ()ထပ်ကျောင်းဆောင် ဆောက်လုပ်နိုင်ရေးအတွက် ရန်ပုံငွေ လျာထားတင်ပြထားပြီးဖြစ်ပါကြောင်းနှင့် ခွင့်ပြုရန်ပုံငွေရရှိလာပါက ဆောင် ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၁၁) မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၏ မံစီမြို့နယ်၊ မုန်းဒိန်ပါကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း တွင် (၁၃၀ပေ× ၃၀ပေ×၂၂ပေ)ရှိ နံရံဆေးသုတ်ရန် မျက်နှာကျက်လဲရန်နှင့် ပေ (၈၀×၄၀×၁၂) သမံတလင်းခင်းရန် အမှန်တကယ်လိုအပ်လျက်ရှိပါသဖြင့် ဆောင် ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ် (၀၄၀၂) ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေလျာထားချက်စာရင်းတွင် မြို့နယ်ဦးစားပေးအလိုက် ထည့်သွင်းလျာ ထားဆောင်ရွက်ထားပါကြောင်းနှင့် ခွင့်ပြုရန်ပုံငွေရရှိပါက ဆက်လက်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(ခ)        အစည်းအဝေး(ပထမနေ့)တွင် ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအားခီဆာ၏ ၂၀၁၉၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ခေါင်လန်ဖူးမြို့နယ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် (၂၃)ပေအကျယ် ဆောင်ရွက်ရမည့် ရွာချင်းဆက်လမ်းများဖြစ်သော (က) ဂျေခါးပီးသျှူးမီဒီဇာညီးဒီရှီးဂူလီတော်လာတီးရွာချင်း ဆက်လမ်း()မိုင်ဖောက်လုပ်ခြင်း၊ () ထမိုင်အော်တော် ဒီဗဇူးလော်ဝူးချီလာ ရွာချင်း ဆက်လမ်း()မိုင် အနက် ()မိုင်ဖောက်လုပ်ခြင်း () ညီတားဒီရှားချီဝါဇွေ ရွာချင်းဆက်လမ်း()မိုင် ဖောက်လုပ်ခြင်းလမ်းများအား ကချင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဆောင်ရွက်ရာတွင် ()ပေ အကျယ်သာ ဆောက်လုပ်ပြီး လုပ်ငန်းခေါင်းစဉ် ပြောင်းဆောင်ရွက်မည်ဟု  ကြားသိ ရပါသဖြင့် အဆိုပါလုပ်ငန်းများကို (၂၃)ပေ အစား (၁၂)ပေ အကျယ်လမ်းအဖြစ် ဆောင် ရွက်ပေးပြီး ပိုလျှံငွေများကို ၎င်းလမ်းများ အရှည်မိုင် တိုးမြှင့်ဆောင်ရွက်ပေးပါရန် ကချင်ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ ဆွမ်ပရာဘွမ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်နှင့် ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလေးတို့မှ ထောက်ခံဆွေးနွေးခဲ့ပြီး ဗိုလ်မှူးကြီးနေလင်းထွန်းမှ အဆိုနှင့်ပတ်သက်၍ လွှတ်တော်ဆန္ဒခံယူရန် တင်ပြလာမှုကြောင့် အဆိုရှင် ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားခီဆာမှလည်း လွှတ်တော်၏အဆုံးအဖြတ်ခံယူရန် တင်ပြခဲ့ရာ လွှတ်တော်မှ အဆိုနှင့်ပတ်သက်၍ ဆန္ဒမဲဖြင့်ဆုံးဖြတ်ခဲ့ရာ ထောက်ခံ (၃၁)မဲ၊ ကန့်ကွက်(၁၅)မဲ၊ ကြားနေ(၁)မဲရရှိခဲ့၍ အဆိုအားထောက်ခံဆန္ဒမဲများသည့်အတွက် အဆိုကို လွှတ်တော်မှ အတည်ပြုခဲ့ပါသည်။

၃။    ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကို နေ့လည် (၁၂) နာရီ (၀၅) မိနစ်အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ် တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို (၁၈-၁၂-၂၀၁၉)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀) နာရီ အချိန်တွင် ကျင်းပရန်လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

 

2019-12-18T15:44:33+00:00