ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့) မှတ်တမ်းအကျဉ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့) မှတ်တမ်းအကျဉ်း

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်)

၁။      ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့) ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀)နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃) ဦး အနက် (၄၅)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေး(တတိယနေ့)တွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက် ပါအတိုင်း ဖြစ်ပါသည်-

(က)    ကြယ်ပွင့်ပြမေးခွန်း (၁၀) ခု မေးမြန်းဖြေကြားခြင်း

(၁)       ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန်(ခ)ခန်လင်၏ ပူတာအို-မချမ်းဘောလမ်းမှ ဇီဒမ်းရွာ-မာမိန်(၁) ကျေးရွာ-ဇီးအွန်ကျေးရွာလမ်း(၃)မိုင် ကျေးရွာချင်းဆက်လမ်းအား မြေညှိခြင်း၊ သဲကျောက် (၁၂ပေ×၉လက်မ)ခင်းရန်၊ လမ်းပခုံးတင်ခြင်း၊ Boxculvert (၁၂ ပေ×၄ပေ×၃ပေ) (၃)စင်းအား ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိလာပါက ဦးစား ပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၂)      ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအားခီဆာ၏ ခေါင်လန်ဖူးမြို့နယ်အတွင်း ရွာချင်းဆက်လမ်းပေါ်ရှိ ရမန်ချီကျေးရွာအုပ်စု၊ရှီးဂူလီတော်ရွာနှင့်လာတီးကျေးရွာအကြားတွင် အကျယ် (၆)ပေ၊ အရှည် (၁၀၀)ပေရှိ ကြိုးတံတား၊ ရမန်ချီကျေးရွာအုပ်စု၊ ဒါကာရွာနှင့် အာတာတော်ရွာအကြားတွင် အကျယ် (၆)ပေ အရှည်(၂၀၀)ပေရှိ ကြိုးတံတား၊ ချီထုဖန်ကျေးရွာအုပ်စု၊ လာကာလော်ရွာနှင့် ရှီးနားကော်ရွာ အကြားတွင် အကျယ်(၆)ပေ အရှည် (၁၀၀)ပေရှိ ဒါ့ဦးချီချောင်းကူးတံတား၊ ဇီးထန်ကျေးရွာ အုပ်စု၊ ညီတားဒီရွာနှင့် ဇီးထန်ကျေးရွာအကြားတွင် အကျယ် (၁၂)ပေ၊  အရှည် (၈၀)ပေရှိ  ထီဆန်ထီချောင်းကားကူးတံတားတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေတွင် ထည့် သွင်းတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိလာပါက ဦးစားပေးအလိုက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၃)     နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမဘုဒဂုဏ်၏  ပန်နန်းဒင်-ဒဇွန်ဒမ်းလမ်းပိုင်းရှိသော (၅၀/၀-၅၁/၀) မိုင်ကြား ရှိ ရွမ်ဝမ်ချောင်းနှင့် (၆၂/၀-၆၃/၀)မိုင်ကြားရှိသော ထရိုင်ချောင်းတို့သည် မိုးတွင်းကာလတွင် ချောင်းကိုဖြတ်ကူး၍မရအောင် ရေကြီးပြီးခရီးသွား ပြည် သူများအတွက် အသက်အန္တရာယ်ရှိသော ချောင်းနှစ်ခုဖြစ်နေပါသဖြင့် ၎င်း ချောင်းနှစ်ခုအား ကြိုးတံတား အသစ်တည်ဆောက်ပေးရန်  အစီအစဉ်ရှိ/မရှိနှင့် မေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိလာပါက ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၄)     နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမဘုဒဂုဏ်၏ နောင်မွန်မြို့နယ်၊ ပန်နန်းဒင်-မခွမ်ကန်လမ်းအပိုင်းရှိသော လူကူး ကြိုးတံတားများထဲမှ ဆွေးမြေ့ပျက်စီးနေပြီး အန္တရာယ်အဆင့်ရှိသော (၁/၀-၂/၀) မိုင်ကြားရှိ(၁၅၀)ပေရှည် တမန်ကြိုးတံတား၊ (၂၃/၀-၂၄/၀) မိုင်ကြား ရှိ (၂၄၀)ပေရှည် ဒဂလိန် လူကူးကြိုးတံတား၊ (၂၇/၀-၂၈/၀) မိုင်ကြားရှိ (၈၀)ပေ ရှည် မလီအူကြိုးတံတား၊ ပန်နန်းဒင်-ဒဇွန်ဒမ်းလမ်းပိုင်းအတွင်းရှိသော ကြိုး တံတားများထဲမှ (၇၅/၀-၇၆/၀)မိုင်ကြားရှိ(၁၉၀)ပေအရှည် ဆန်ခူးကြိုးတံတား၊ (၄၄/၀-၄၅/၀) မိုင်ကြားရှိ (၁၂၀)ပေအရှည် တဖရာကြိုးတံတား၊ ကြိုးတံတား (၅)စင်းတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေ (သို့မဟုတ်) ဖြည့်စွက်ရန်ပုံငွေဖြင့် အသစ်ပြုပြင်တည်ဆောက်ပေးရန်  အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုး ရေး ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံသွားမည်ဖြစ် ပြီး ရန်ပုံငွေရရှိလာပါက ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၅)     ချီဖွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်၏  ချီဖွေမြို့နယ်၊ ဖီမော်ကျေးရွာအုပ်စုအနီးရှိ ရွာလမ်းမ သွားရာ လမ်း၏တစ်ဖက်တောင်ကမ်းပါးယံမှာ နှစ်စဉ်မိုးတွင်းကာလတွင် အလျားပေအကျယ် (၂၈၀)ပေခန့် တောင်ကမ်းပါးယံမြေသား ကျောက်ဆောင် များ ပြိုကျပျက်စီးမှုကြောင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးမှာ အခက်အခဲများ ကြုံတွေ့နေလျက်ရှိပါသဖြင့် တောင်ကမ်းပါးပြိုကျမှုကို ကာ ကွယ်ပေးနိုင်ရန် မြေထိန်းကျောက်စီနံရံ တစ်ခုပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ကိုယ်စား) စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် ရန်ပုံငွေလျာထားတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၆)     မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးဆွမ်ဒူနော်အောင်၏ မချမ်းဘောမြို့နယ်၊ ရှိန်ကိုင်ယန်ရွာမှ လယ်ယာမြေ ဧက (၈၀) ဖော်ထုတ်သည့် လယ်တောသို့ သွားလမ်းအရှည်(၁)မိုင် (၁)ဖာလုံ အကျယ် (၁၆)ပေ မြေသားလမ်း ဖောက်လုပ်ပေးပါရန် အစီအစဉ်ရှိ/မရှိမေးခွန်း နှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း က လာမည့်ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအလိုက်ဆောင်ရွက်ပေးနိုင်ရေး ရန်ပုံ ငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၇)     မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးဆွမ်ဒူနော်အောင်၏ မချမ်းဘောမြို့နယ်၊ အင်ဘူးဘော့အုပ်စု၊ အင်ဘူးဘော့ ရွာ ကုန်ထုတ်လမ်းသည် ရွာ၏အရှေ့ဘက် မနောကွင်း(လျာထား)အရှည် (၁.၄) မိုင်နှင့် မချမ်းဘော၊ နမ်းခမ်းလမ်းမှ မချမ်းဘောလူထု ဝင်/ထွက် လွယ်အောင် အရှည်(၄)ဖာလုံ မြေသားလမ်း၊ စုစုပေါင်း (၂)မိုင် (၀)ဖာလုံ၊ အရှည်(၁၆)ပေ မြေသားလမ်း ဖောက်လုပ်ပေးပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက လာမည့် ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအလိုက်ဆောင်ရွက်ပေးနိုင်ရေး ရန်ပုံငွေတင်ပြ တောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။

(၈)     အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဉီးဇော်မိုးနော်၏ ကချင်ပြည်နယ်အတွင်း စီးဆင်းလျက်ရှိသော မြစ်ကြီး နှစ်သွယ် ဖြစ်သော မေခ၊ မလိခနှင့် အခြားချောင်းကြီး ချောင်းငယ်များတွင် ဗို့အားကြီးကျင်စက်များဖြင့် ငါးဖမ်းခြင်း၊ အပြင်းစားအက်စစ်များ သွန်းလောင်း ခြင်းများကြောင့် ရေနေသတ္တဝါမျိုးစုံနှင့် ငါးမျိုးစုံ မျိုးတုံးပျောက်ကွယ်သွားခြင်း ကို တစ်နှစ်ထက်တစ်နှစ် ဆိုးဆိုးရွားရွား အခြေအနေမျိုးစုံကြောင့် မြစ်နံဘေး နေပြည်သူများ ရေချိုးခြင်း၊ သောက်သုံးခြင်းများ အသုံးပြု၍ မရတော့ပါသဖြင့် ကချင်ပြည်နယ်အစိုးရမှ ပြင်းပြင်းထန်ထန်တားဆီးအရေးယူသွားရန် အစီ အစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက မေခမြစ်ကြီးအား ညစ်ညမ်းအောင်ဆောင်ရွက်နေမှုကို စနစ်တကျသေချာစွာ ကွင်းဆင်းလေ့လာမှတ်တမ်းရယူပြီး အမှန်တကယ် ဖြစ်ပွားနေပါက ဆောင်ရွက်နေသူများအား ဖော်ထုတ်၍ သက်ဆိုင်ရာဌာနများမှ ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။

(၉)     မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးရားဝမ်ဂျုံ၏ မချမ်းဘောမြို့နယ်၊ နမ်ခမ်ကျေးရွာရှိ ထီနုံဆည်၏ ဆည်ရေ သောက် ဧရိယာမှာလယ်မြေ(၁၂၀)ဧကရှိပြီး တောင်သူဦးစီး(၅၆)ဦးဖြင့် စိုက်ပျိုး လျက်ရှိရာ ဆည်ရေနည်းပါးခြင်းကြောင့် လယ်မြေ(၃၀)ဧကကျော်ကို ပလပ် မြေအဖြစ် ပလပ် ထားခဲ့ရပါသဖြင့် ၎င်းဆည်ကို ရေတားတမံ၊ ရေတံခါးအသစ် တည်ဆောက်ပေးခြင်းနှင့် အရှည်(၂၅၃၅)ပေရှိသော ရေသွယ်မြောင်းအား ရေ မြောင်းအကျယ်(၆)ပေ အကျယ် ချဲ့ခြင်းနှင့် အနိမ့်(၄)ပေခန့် အောက်သို့ထပ်မံ တူးဖော်ခြင်းလုပ်ငန်းများကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် ပြုပြင်တည် ဆောက်ပေးရန်  အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင် ရွက်နိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပထမဦးစားပေးထည့်သွင်း လျာ ထားတင်ပြသွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိလာပါက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။

(၁၀)   ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးရွှေလေး၏ ခေါင်လန်ဖူးမြို့နယ်တွင် တာဝန်ကျသော ကျောင်းဆရာ/မများ သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် ကျောင်းဖွင့်ချိန်အမီ မိမိ ကျရာကျောင်းသို့ အချိန်မီရောက်ရှိနိုင်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ထား ရှိမှု အခြေအနေကို သိရှိလိုပါသည်မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး (ကိုယ်စား) စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်က နွေရာသီကာလမှစ၍ ပြည်နယ်ပညာရေးမှူးမှ သက်ဆိုင်ရာခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများအား တွေ့ဆုံဆွေးနွေး၍ တာဝန်ကျကျောင်းများသို့ အချိန်မီရောက်ရှိနိုင်ရေး စီမံချက်စနစ်တကျရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်စေမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

(ခ)     အစည်းအဝေး(ပထမနေ့)တွင် ကချင်ပြည်နယ်လွှတ်တော် စီးပွားရေးနှင့် လူမှုရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီက တင်သွင်းခဲ့သော ကချင်ပြည်နယ် သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းဥပဒေကြမ်းအား ကန့်ကွက်ဆွေး နွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်မရှိပါသဖြင့် မိုးမောက်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက အတည်ပြုပေးနိုင်ပါရန် အဆိုတင်သွင်းပြီး မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးမင်းမင်းက အတည်ပြုပေးသင့်ပါကြောင်း ထောက်ခံခဲ့ပါသဖြင့် လွှတ်တော်၏ ဆန္ဒကိုရယူရာတွင် လွှတ်တော်မှ သဘောတူသည့်အတွက် ကချင်ပြည်နယ်လွှတ်တော် မှ အတည်ပြုခဲ့ပါသည်။

၃။    ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့) ကို နေ့လည် (၁၁) နာရီ (၂၀) မိနစ်အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ် တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို (၁၉-၁၂-၂၀၁၉)ရက် (ကြာသပတေး နေ့) နံနက်(၁၀) နာရီအချိန်တွင် ကျင်းပရန်လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာ ပါသည်။

 

2019-12-18T15:43:45+00:00