ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)မှတ်တမ်းအကျဉ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) မှတ်တမ်းအကျဉ်း

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်)

၁။      ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထ နေ့) ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက် (ကြာသပတေးနေ့) နံနက်(၁၀)နာရီအချိန်တွင် စတင် ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃) ဦး အနက် (၄၄)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေး(စတုတ္ထနေ့)တွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက် ပါအတိုင်း ဖြစ်ပါသည်-

(က)    ကြယ်ပွင့်ပြမေးခွန်း (၁၂) ခု မေးမြန်းဖြေကြားခြင်း

(၁)       မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးဆွမ်ဒူနော်အောင်၏ မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တွင် အကြီးဆုံးသော လယ်ယာမြေ(၈၀)ဧက ဖော်ထုတ်ရာ အောက်ဖော်ပြပါ လယ် တောသို့သွားလမ်းများဖြစ်သည့် မချမ်းဘော-ရှိန်ကိုင်ယန်ကြားကျန်းခချောင်း တံတားကွန်ကရစ် (၂၅×၁၆×၁၅) ကုန်ကျငွေ ကျပ်သန်း (၅၀.၀၀၀) ခန့်မှန်း၊ မချမ်းဘော-ရှိန်ကိုင်ယန်ကြား အင်လောင်းခတံတားကွန်ကရစ်(၂၀×၁၆×၁၅) ကုန် ကျငွေကျပ်သန်း(၃၀.၀၀၀)ခန့်မှန်း၊ မချမ်းဘော-ရှိန်ကိုင်ယန်ကြား Box culvert  (၁၁)စင်း ကုန်ကျငွေကျပ်သန်း (၅၅.၀၀၀) ခန့်မှန်း၊ တို့အား သက်ဆိုင် ရာမှ အမြန်ဆုံးလုပ်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ကိုယ်စား) စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး၍ စစ်ဆေးချက်များအရ မဖြစ်မနေဆောင်ရွက်ပေးရမည့် အခြေအနေရှိပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဘတ်ဂျက်လျာထားတောင်းခံသွားမည်ဖြစ်ပြီး ဘတ်ဂျက်စိစစ်ခွင့် ပြုချက်ပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။

(၂)       အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊  ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးဇော်မိုးနော်၏ အင်ဂျန်းယန် ဆွမ်ပရာဘွမ် ကတ္တရာလမ်း၊ လမ်းခွဲမှ ဂွေထော်ကူးတို့ဆိပ် အထိ(၃)မိုင် ကျောက်ချောလမ်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်း အမြန်ဆုံးခင်းပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ကိုယ်စား) စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လျာထားတောင်းခံပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၃)       မိုးမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၏ မိုးမောက်မြို့နယ်အတွင်းရှိ ယခင်ကျေးရွာချင်းဆက်လမ်းများဖြစ် သည့် မန်နောင်မှ ခုန်ဆင့်သစ်အထိ(၂)မိုင်၊ မြို့ဟောင်းမှ တိုက်ကျောင်းရွာ (၁ / )မိုင်၊ နောင်ကွမ်-နောင်မကောက်လမ်း(၂)မိုင်၊ မခွယ်-နောင်စန့်လမ်း (၁ / )မိုင်၊ မခွယ်-ကုန်းကတင်လမ်း(၂)မိုင်၊ ကျောက်ချောလမ်းများအား ကွန်ကရစ် လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ကိုယ်စား) စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဘတ်ဂျက် လျာထားတောင်းခံသွားမည်ဖြစ်ပြီး ဘတ်ဂျက်စိစစ်ခွင့် ပြုချက်ပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၄)     မိုးမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်လတ်(ခ)ထွန်းစိန် မိုးမောက်မြို့နယ်၊ နားလုံကျေးရွာလမ်းမကြီး သည် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးမှ ဝင်ရောက်ရပြီး သာမန်မြေသား လမ်းဖြစ်ရာ မိုးတွင်းအခါသွားလာရာတွင် ရေအိုင်၊ ရွှံ့၊ ဗွက်များ ဖြစ်ပေါ်နေပြီး ရွာသူ/သားများနှင့် ကျောင်းသူ/သားများ သွားလာရန် ခက်ခဲလျက်ရှိပါသဖြင့် (၄)ဖာလုံခန့်ရှိ ရွာလယ်လမ်းအား ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း အဖြစ် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန်  အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ကိုယ်စား) စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လျာထားတောင်းခံသွားမည်ဖြစ်ပြီး ဘတ်ဂျက် စိစစ်ခွင့်ပြုချက်ပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။

(၅)     ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ မကတ်မုန်ကျေးရွာအုပ်စု၊ မကတ်မုန်ကျေးရွာ သည် မလိခမြစ်မှ ပေပေါင်း(၅၀)ကျော်မြင့်သော မလိခကမ်းနဘေးပေါ်တွင် တည်ရှိသောကြောင့် သောက်သုံးရေ အလွန်ခက်ခဲလျက်ရှိနေပါသဖြင့် တစ်ရွာ လုံး သောက်သုံးရေ အဆင်ပြေနိုင်ရေးအတွက် ၎င်းကျေးရွာနှင့် (၃)မိုင်ဝေးသော စမ်းချောင်းမှ ရေသွယ်လုပ်ငန်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်း နှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအလိုက်ဆောင်ရွက်ပေးနိုင်ရေး ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။

(၆)     ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအုပ်စု၊ နမ်ရှယ်ရှီးဒီကျေးရွာနှင့် နမ်ရှယ်စွပ်ကျေးရွာတို့သည် (၂)မိုင်(၂)ဖာလုံရှိသောမြေသားလမ်းဖြင့် ဆက် သွယ်ထားသောကြောင့် မိုးရာသီ၌ ရွှံ့၊ ဗွက်များနှင့် ရေနုတ်မြောင်းများကို ဖြတ်ကျော် သွားလာရပါသဖြင့် ကျောင်းသူ/သားများနှင့် ပြည်သူများ ကုန်ထုတ် ရန် သွားလာရာတွင် များစွာအခက်အခဲဖြစ်ပေါ်လျက်ရှိပါသဖြင့် ၎င်းမြေသား လမ်းအား ကျောက်ချောလမ်းအဖြစ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိမေးခွန်း နှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအလိုက်ဆောင်ရွက်ပေးနိုင်ရေး ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။

(၇)     ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ မာမူးလဲ့ကျေးရွာအုပ်စု၊ နမ်ဟော့ကျေးရွာမှ မာမဲ့ကျေးရွာသို့ ဆက်သွယ်ထားသည့် (၂) မိုင်ကျော်ဝေးသော ရွာချင်းဆက် လမ်းသည် မိုးတွင်းအခါ ပြည်သူများနှင့် ကျောင်းသူ/သားများသွားလာရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရပါသဖြင့် ၎င်းလမ်းကို ကျောက်ချောလမ်း အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် ဦးစားပေးအလိုက်ဆောင်ရွက်ပေးနိုင်ရေး ရန်ပုံငွေတင်ပြတောင်းခံ ပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၈)     ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်၏ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဒွန်ဘန်ချောင်း ရေကြီး ရေလျှံမှုများကြောင့် လယ်ယာမြေနှင့် စိုက်ပျိုးမြေများရေနစ်မြှုပ်ခြင်း၊ မြေနိမ့်ပိုင်း ရှိရပ်ကွက်များ ရေနစ်မြှုပ်ခြင်း၊ ချောင်းဘေးဝဲယာရှိ လူနေအိမ်များ ချောင်းကမ်းပါး ပြိုကျ၍ မျောပါခြင်း၊ ချောင်းကူးပင်မတံတား အောက်ခြေပိုင်း ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်နေပါသဖြင့် ဒွန်ဘန်ချောင်းတစ်လျှောက်နှင့် ဆက်စပ်မြေနိမ့်ပိုင်းရပ်ကွက်များအတွက် မြေထိန်းနံရံများ တည်ဆောက်ခြင်း၊ ဆည်များတွင်လည်း လျှံရေများလွှဲပေးနိုင်ရန်အတွက် သီးခြားရေလွှဲမြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေတွင် တင်ပြတောင်းခံသွား ပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။

(၉)     ရွှေကူမြို့နယ်၊    မဲဆန္ဒနယ်အမှတ် (၂)၊    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်း၏ ရွှေကူမြို့နယ်၊ မံနားကျေးရွာနေပြည်သူများသည် မိုးရေကို အမှီပြု ၍ စပါးတစ်မျိုး တည်းကိုသာ အားကိုးစိုက်ပျိုးနေကြရပါသဖြင့် သီးနှံများကျယ် ကျယ်ပြန့်ပြန့် စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် လျှပ်စစ်ရေတင်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ကွင်းဆင်းတိုင်းတာစိစစ်ပြီး ဖြစ်နိုင်စွမ်းရှိပါမှသာလျှင် ရန်ပုံငွေတင်ပြ တောင်း ခံသွားပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။

(၁၀)   မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၏ မံစီမြို့ပေါ် (၄)ရပ်ကွက်ရှိသည့်အနက် သစ်တောမြေအတွင်းတွင် ကျရောက်နေသော သစ်တောနယ်မြေများအား ပယ်ဖျက်ပေးပြီး မြို့မြေအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလဆိုင်းက ၂၀၁၃ ခုနှစ်၊ ကြိုး ဝိုင်း၊ ကြိုးပြင်ကာကွယ်တော ကျူးကျော်စာရင်းတွင် ပါဝင်ခြင်းမရှိသော မြေ ဧရိယာများကို သစ်တောမြေအဖြစ်မှ မြို့မြေအဖြစ် သတ်မှတ်ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ရယူ၍ ပြည်ထောင်စုအစိုးရသို့ တင်ပြ ဆောင်ရွက်ရန်လိုမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၁၁)   မိုးမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၏  မိုးမောက်မြို့ပေါ်ရပ်ကွက်အတွင်းရှိ အောက်ပါလမ်းများအား မြို့ အင်္ဂါရပ်နှင့်အညီ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းအဆင့် မှ ကတ္တရာလမ်းအဆင့် (သို့မဟုတ်) ကွန်ကရစ်လမ်းအဖြစ် ခါနန်ရပ်ကွက်၊ ကျွန်းရွှေဝါလမ်း ပေ(၈၀၀) ပေ၊ မံပုံရပ်ကွက်ပေ (၆၅၀) ပေ၊ ကတ္တရာလမ်း၊ စိန် သဇင်လမ်း (၁၅၇၀) ပေ၊ ကြံခင်းအင်းသွားလမ်း (၁၅၀၀) ပေ၊ မဉ္ဇူရီလမ်း (၁၀၀၀) ပေ၊ အောင်မြေရပ်၊ ဘုံကျောင်းလမ်း (၁၄၀၀) ပေ၊ မိုင်းသာကုန်းလမ်း (၁၅၇၀)ပေ၊ တို့အား အဆင့်မြှင့်တင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မိုးမောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ မူလလျာ ထားချက်မှာ ထည့်သွင်းရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မံပုံ၊ အောက်မြေရပ်၊ ဘုံကျောင်းလမ်း၊ ခါနန်ရပ်ကွက် ကတ္တရာလမ်းခင်းခြင်းတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင် ရွက်နိုင်ရေး တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၁၂)    ဗန်းမော်မြို့နယ်၊    မဲဆန္ဒနယ်အမှတ်(၁)၊    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်း(ခ)ဇော်သင်း၏ ကချင်ပြည်နယ်အတွင်း စည်ပင်သာယာရေး လေလံခွန်အရပ်ရပ်ကို နှစ်စဉ်ပြီးခဲ့သောနှစ် လေလံကြေးကို ၁၀% တိုးမြှင့်၍ ကြမ်းခင်းဈေး သတ်မှတ်ခဲ့ရာ ၎င်းသတ်မှတ်ချက်များသည် ပြည်သူတို့၏ သား ဈေး၊ ငါးဈေး၊ စည်ပင်သာယာနယ်နိမိတ်အတွင်း အိမ်ခွန်၊ မြေခွန်၊ နှစ်စဉ်တိုး လျက်ရှိသည့်အတွက် ပြည်သူများဝန်ထုပ်ဝန်ပိုးဖြစ်စေသည်သာမက ပြည်သူ များ စားဝတ်နေရေး၊ အလုပ် အကိုင်ရှားပါးမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ ခံစားနေရသည့်အတွက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ၁၀% ကို လုံးဝ တိုးမြှင့်ခြင်းမရှိဘဲ ပြီးခဲ့သောနှစ် ကြမ်းခင်းဈေးအတိုင်းသာ လေလံခွန်အရပ်ရပ် ကို ကချင်ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်က ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ၁၀% ကို ပယ်ဖျက်ပေး ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။

၃။    ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကို နေ့လည် (၁၁) နာရီ (၀၅) မိနစ်အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ် တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို (၂၀-၁၂-၂၀၁၉)ရက် (သောကြာနေ့) နံနက်(၁၀) နာရီအချိန်တွင် ကျင်းပရန်လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

 

2019-12-19T15:09:21+00:00