ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)မှတ်တမ်းအကျဉ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့) မှတ်တမ်းအကျဉ်း

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်)

၁။      ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက် (သောကြာနေ့) နံနက်(၁၀)နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃) ဦး အနက် (၄၆)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေး(ပဉ္စမနေ့)တွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(က)    ကြယ်ပွင့်ပြမေးခွန်း (၉) ခု မေးမြန်းဖြေကြားခြင်း

(၁)       ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ၏ ချီဖွေမြို့နယ်၊ ကန်းဖန့်ကျေးရွာအုပ်စုမှ လန်ဆယ်အုပ်စုအထိ မိုင်ပေါင်း(၁၀၀)ကျော်ခန့် ကန်းဖန့်ကျေးရွာမှ ဟန်းကောအုပ်စု ပရှဲအုပ်စု၊ ဂျရန်အုပ်စု၊ လကင်အုပ်စု၊ ထော့လန်အုပ်စု၊ ယခင်သစ်ထုတ်လုပ်သယ်ယူနိုင် ရန် လမ်းကြမ်းဖောက်လုပ်ထားသောလမ်းဖြစ်ပြီး ၎င်းလမ်းအား ပြည်သူများ ဖြတ်သန်းသွားလာနေသောလမ်းဖြစ်သဖြင့် လမ်းဘေးဝဲယာ သစ်ပင်ချုံနွယ် များ ရှင်းလင်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ဘဏ္ဍာငွေရရှိမှုအနေ အထားအရ လတ်တလောတွင် လမ်းဘေးဝဲယာချုံနွယ်ရှင်းလင်းရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် အဆိုပါလမ်းများသို့ သဘာဝဘေးအန္တရာယ်ကြောင့် မြေပြိုမှုများ၊ လမ်းပိတ်ဆို့မှုများဖြစ်နေပါက ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ပြည်ထောင်စုအစိုးရမှ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ နယ်စပ်ဒေသသဘာဝဘေးအန္တရာယ်ရန်ပုံငွေမှ ပြန်လည်ပြုပြင် နိုင်ရေး ဆက်လက်အကြောင်းကြား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၂)       ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ၏ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်း အဝေး(ဒုတိယနေ့) (၂၉-၁၁-၂၀၁၆)ရက်နေ့တွင် အဆိုအောင်မြင်ခဲ့သော ဆော့လော်မြို့နယ်အစ မာကောတောင်ထိပ်မှ ခေါင်လန်ဖူးမြို့နယ်၊ ရားမား အုပ်စုနယ်နိမိတ်အထိ (၅၅)မိုင်ခန့် ပြည်သူများရာသီဥတုအချိန်မရွေး လွယ်ကူ စွာသွားလာနိုင်ရေးအတွက်နှစ်အလိုက် လမ်းချဲ့ခြင်း၊ လမ်းအဆင့်တိုးဖောက် လုပ်ပေးခြင်းနှင့် ကျောက်ချောလမ်းခင်းပေးခြင်းတို့အား အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက မြေပြင်ကွင်းဆင်း စိစစ်ပြီး ဒေသအတွက်အကျိုးပြုနိုင်မည့် အခြေအနေလုပ်ငန်းဆောင်ရွက်မှု အခြေအနေကို နှိုင်းယှဉ်၍ ပြည်နယ်/ပြည်ထောင်စုနယ်စပ်ဒေသ ဖွံ့ဖြိုးရေး နှစ်အလိုက် စီမံကိန်းများတွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေအပေါ်မူတည်၍  ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။

(၃)       ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ မန်စေကျေးရွာမှ မန်စေ ခွန်ကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသောလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန်နှင့် ၎င်းလမ်းပေါ်ရှိ ပျဉ်ခင်းသစ်သားတံတား (၄)စင်းတို့ အား ကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိမေးခွန်း နှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က ၂၀၂၀၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံသွားပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိ ပါကဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၄)       ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စုနှင့် မန်စေခွန်ကျေးရွာ အုပ်စုချင်းဆက်သွယ်နေသော နမ်ပလပ်ချောင်းသည် နှစ်အုပ်စုဆက်သွယ်ရာ တွင် အဓိကအရေးကြီးဆုံးသောချောင်းဖြစ်ပြီး လူနှင့်ဆိုင်ကယ်ကူးတံတားရှိ သော်လည်း ကားများကူးနိုင်ခြင်းမရှိသောကြောင့် ကုန်ထုတ်လုပ်ခြင်း၊ ရောင်း ဝယ်ခြင်းကိုလည်း အခက်အခဲများစွာရှိနေပါသဖြင့် ဘေလီ(သို့မဟုတ်) ကွန်ကရစ်တံတား ဆောက်လုပ်ပေးရန်  အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း ၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က ၂၀၂၀၂၀၂၁ ခု၊ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံသွားပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။

(၅)     မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနေ အိမ်နှင့် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ်တို့သာ ကောင်းမွန်ပြီး ဒုတိယဦးစီးမှူး နေအိမ်နှင့် အခြားဝန်ထမ်းနေအိမ်များမှာ လွန်ခဲ့သောနှစ်ပေါင်း (၅၀)ခန့်က ဆောက်လုပ်ထားရာ ဟောင်းနွမ်းဆွေးမြည့်နေပြီဖြစ်၍ ၎င်းအဆောက်အဦး များအား ဖျက်သိမ်းပြီး(၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာနှင့် ဒုဦးစီးမှူးနေအိမ်သစ်များ အား ဆောက်လုပ်ရန် မြေနေရာများလည်း လျာထားပြီးဖြစ်ပါသဖြင့် ဆောက် လုပ်ခွင့်ပြုချထားပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က ၂၀၁၉၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထည့် သွင်းလျာထား ခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်းမရှိခဲ့ပါသဖြင့် ဆောင်ရွက်ပေးနိုင် ခြင်းမရှိပါကြောင်းနှင့် အဆိုပါလုပ်ငန်း ()ရပ်အား ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် တင်ပြတောင်း ခံသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၆)     ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်း၏ ရွှေကူမြို့နယ်အတွင်းရှိ ဆိပ်သာကျေးရွာနေပြည်သူများ ရာသီ မရွေးသွားလာနိုင်ရန် ဆိပ်သာ-ညောင်းကုန်း ဆက်သွယ်သောလမ်းအား တရား ဝင်သတ်မှတ်ပေးရန်နှင့် အဆိုပါလမ်းအား မြေသားတာဘောင်ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့် က ပြည်နယ်ဘဏ္ဍာစိစစ်ခွင့်ပြုမှုပေါ်မူတည်၍ လတ်တလောတွင် ဆောင်ရွက်ပေး နိုင်ခြင်းမရှိပါကြောင်း နောင်ဖြစ်ပေါ်သော ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့် သွင်းတောင်းခံသွားမည်ဖြစ်ပါကြောင်းနှင့် ဆိပ်သာညောင်ကုန်း လမ်းကို တရားဝင်လမ်းကြောင်း အဖြစ်သတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားပေး မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၇)     ဆွမ်ပရာဘွမ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်ဂျေထုရော်၏ ဆွမ်ပရာဘွမ်မြို့တွင်းလမ်း ကဘရန်ခူးရပ်ကွက် ဆွမ်ပရာဘွမ်-မလိယန်လမ်းအတွင်းရှိလမ်းသည် ရာသီဥတုဆိုးဝါးသဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၂)ဖာလုံတောင်ပြိုလမ်းပိတ်ပြီး ပြည်သူများ သွား/လာရန် ခက်ခဲနေပါသဖြင့် အမြန်ဆုံးပြင်ထိန်းလုပ်ဆောင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က ၂၀၁၉၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအထူးပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် (၁၉.)သန်းဖြင့် မိုးတွင်းကာလတွင် ဖြစ်ပေါ်ခဲ့ သော တောင်ပြိုမြေများနှင့် ရေမြောင်းများအတွင်း ပိတ်ဆို့နေသော ရွှံများ ဖယ်ရှားခြင်း၊ (၁၅၅)မီတာအရှည် လမ်းဘေးဝဲယာရေမြောင်းတူးဖော်ခြင်းလုပ် ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဆွမ်ပရာဘွမ်လမ်းဦးစီးဌာနမှ လမ်း ပိုင်းကောင်းမွန်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ဖြေကြားပါ သည်။

(၈)     မိုးညှင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးတင်အေး၏ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာအုပ်စု၊ နန့်ပုတ်ကွင်း၊ ကွင်း အမှတ် (၃၃၁) တောင်သူလယ်မြေဧရိယာ (၁၆၀)ဧကတွင် စိုက်ပျိုးလုပ်ကိုင် လျက်ရှိသော လယ်ယာများမှ ထွက်ရှိသည့်သီးနှံ စပါးများသယ်ဆောင်ရာတွင် အသုံးပြုသည့်ရွာမှ လယ်ယာလုပ်ငန်းသို့ အရှည်(၇၀၀၀)ပေ၊ အကျယ်(၁၂)ပေ ကိုယ်ထူကိုယ်ထလမ်းသည် မိုးတွင်းကာလတွင် ရွှံ့၊ နွံများထူထပ်လျက်ရှိပြီး သွားလာရာတွင် အခက်အခဲများစွာ ကြုံတွေ့နေပါသဖြင့် ၎င်းလမ်းအား အရှည် (၇၀၀၀)ပေ အကျယ်(၁၈)ပေရှိ ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး အလိုက် ဆောင်ရွက်နိုင်ရေး ရန်ပုံငွေတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၉)     ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်ရှီးဇော်လွမ်းလမ်း၏ ဆော့လော်မြို့နယ် (၂၅)ကုတင်ဆံ့ ပြည်သူ့ ဆေးရုံကြီးအား ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရန် ဘတ် ဂျက်ကျထားသော်လည်း မည်သည့်ကုမ္ပဏီမှ ဆောက်လုပ်ခြင်းမရှိသည်ကို တွေ့ရှိရပါသဖြင့် မည်သည့်ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပြီး အဘယ်ကြောင့် ဆောင်ရွက်ခြင်းမရှိကြောင်း သိရှိလိုပါသည်နှင့် ဆော့လော်မြို့နယ်ရှိ၊ လက်ရှိ ခန့်ထားသော ဝန်ထမ်းဦးရေနှင့် တာဝန်ခံ အမည်သိရှိလိုပါကြောင်း၊ မြို့နယ် ဆရာဝန်မရှိသည်မှာ (၁)နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်သည့်အတွက် အမြန်ဆုံး ပြန် လည်ခန့်ထားပေးနိုင်မှု အခြေအနေသိရှိလိုပါကြောင်း၊ ဆော့လော်ပြည်သူ့ ဆေးရုံတွင် ယခင်အချိန်က သွားဆရာဝန်ရှိပြီး ယခုအချိန်တွင် သွားနုတ်ကိရိ ယာများ အပြည့်အစုံရှိပြီး၊ သွားဆရာဝန်ရောက်ရှိ မလာခြင်းကို မည်ကဲ့သို့ ဆောင်ရွက်ထားရှိမှုကို သိရှိလိုပါကြောင်း၊ ဆော့လော်ပြည်သူ့ဆေးရုံ၊ ဝန်ထမ်း အိမ်ရာဆောက်လုပ်ပြီး လွှဲပြောင်းလက်ခံထားမှုအခြေအနေသိရှိလိုပါကြောင်း၊ သူနာပြုရွေးချယ်ခန့်ထားရေးတွင်အထူးအနေနဲ့ မည်သည့် စံချိန်စံညွှန်းဖြင့် ရွေးချယ်ပြီးအထူး ဒေသများမည်ကဲ့သို့ ခွဲတမ်းချပေးနေမှုနှင့် ဘယ်နှစ်နှစ် အနည်းဆုံးတာဝန် ထမ်းဆောင်စေနေမှုများကို သိရှိလိုပါကြောင်းစသည့် မေးခွန်းတို့နှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦိးနေဝင်းက ရိဒ်ဧကရီကုမ္ပဏီမှ တင်ဒါ အောင်မြင်ခဲ့သော်လည်း မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲ ပြီး ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူနိုင်ခြင်းမရှိသဖြင့် လုပ်ငန်းများစတင် နိုင် ခြင်းမရှိသောကြောင့် ခွင့်ပြုရန်ပုံငွေ ပြန်လည်အပ်နှံခဲ့ပါကြောင်းနှင့် ၂၀၁၉-၂၀၂၀၂ ဘဏ္ဍာရေးနှစ်၊ ဒီဇင်ဘာလမှ စတင်၍ သက်ဆိုင်ရာကုမ္ပဏီမှ လုပ်ငန်း များ စတင်ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိခန့်ထားသော ဝန်ထမ်းဦးရေမှာ (၁၆)ဦး၊ လက်ရှိတာဝန်ခံအမည်မှာ ချီဖွေမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာလင်းလင်းထွန်းမှ ပူးတွဲတာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ဆော့ လော်မြို့နယ်တွင် တာဝန်ချထားခဲ့သည့် ဒေါက်တာရဲမာန်ထွန်းသည် အလုပ်ဝင် ရောက်ခြင်းမရှိသဖြင့် ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးပြုလုပ်ပြီး ထုတ်ပယ်နိုင် ရေး ကချင်ပြည်နယ်ကုသရေးဦးစီးဌာနမှ နေပြည်တော်ကုသရေးဦးစီးဌာနသို့ တင်ပြထားပြီးဖြစ်၍ ဝန်ထမ်းထုတ်ပယ်မိန့်ရရှိလာပါက အမြန်ဆုံးအစားထိုး ပြန်လည်ခန့်ထားနိုင်ရေး ဆောင်ရွက်စေမည်ဖြစ်ပါသည်။ သွားဆရာဝန်ခန့် ထားနိုင်ရေးနှင့် ပတ်သက်၍ နေပြည်တော်ကုသရေးဦးစီးဌာနသို့ ခွင့်ပြု၊ ခန့် ထား၊ လစ်လပ်စာရင်းကို (၃)လ(၁)ကြိမ် တင်ပြဆောင်ရွက်လျက်ရှိပါသည်။ ဝန်ထမ်းအိမ်ရာဆောက်လုပ်လွဲပြောင်းလက်ခံထားမှုနှင့် ပတ်သက်၍ (၂၆-၃-၂၀၁၈) ရက်နေ့တွင် ဆော့လော်မြို့နယ်ကုသရေးဦးစီးဌာနမှူးမှ လွဲပြောင်း လက်ခံရယူပြီးဖြစ်ပါသည်။ သူနာပြုရွေးချယ်ခန့်ထားရေးနှင့် ပတ်သက်ပြီး ရမှတ်အနည်းအများပေါ်မူတည်၍ ဦးစားပေးစနစ်တကျစိစစ်ရွေးချယ်ပြီး ဒေသ အထူးဖြင့် တက်ရောက်အောင်မြင်သူများအား မြို့နယ်တွင်လစ်လပ်အင်အား ဖြင့် ဦးစားပေးခန့်ထား၍ အနည်းဆုံး(၃)နှစ်မူချမှတ်ထားပြီး တာဝန်ထမ်း ဆောင်စေပြီး ကျန်းမာရေးဝန်ထမ်းများ၏ သားသမီးများလျှောက်ထားလာပါ က စိစစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ တင်ပြအတည်ပြုချက် ဖြင့် ရွေးချယ်ကာ ကိုယ်စားပြုတက်ရောက်သည့် မြို့နယ်တွင် အနည်းဆုံး(၂) နှစ် မူချမှတ်ထားပြီး တာဝန်ထမ်းဆောင်စေပါကြောင်း ဖြေကြားပါသည်။

၃။    ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို နေ့လည် (၁၁) နာရီ (၁၅) မိနစ်အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်(၁၇)ကြိမ် မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ ပါသည်။

 

2019-12-23T12:02:27+00:00