ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)မှတ်တမ်းအကျဉ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)
မှတ်တမ်းအကျဉ်း

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်)

၁။ ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁၀) နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃) ဦး အနက် (၄၈) ဦး တက်ရောက်ခဲ့ပါသည်။

၂။ လွှတ်တော်အစည်းအဝေး(စတုတ္ထနေ့)တွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
(က) ကြယ်ပွင့်ပြမေးခွန်း (၁၃) ခု မေးမြန်းဖြေကြားခြင်း

(၁) ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်း(ခ)ဇော်သင်း၏ ဗန်းမော်မြို့နယ်ရဲမှူးအိမ်သည် (၁၉၇၆)ခုနှစ်တွင် တည်ဆောက်ထားသည့် အိမ်ဖြစ်ပါသဖြင့် ယခုအခါ မိုးမလုံခြင်း၊ အကာမလုံခြင်း၊ အခင်းများပျက်စီးနေပြီး ယိုယွင်းပျက်စီးလာပါသဖြင့် မြို့နယ်ရဲမှူး၏အင်္ဂါရပ်နှင့် ညီညွတ်သော အိမ်အသစ် ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ၂၀-၁၂-၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ၁၈၅၂(၀၃)/၉၀၇/ ၁၀၀၃ ဦးဖြင့် ထပ်မံတင်ပြတောင်းခံထားရှိပါကြောင်း၊ ခွင့်ပြုရန်ပုံငွေရရှိပါက တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၂) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွမ်ဒူနော်အောင်၏ မချမ်းဘောမြို့နယ်သည် ဝေးလံခက်ခဲ၍ ဒေသဖွံ့ဖြိုးမှုမရှိခြင်း၊ တိုင်းရင်းသားလူမျိုးများ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာ နောက်ကျသောကြောင့် ဒေသနှင့် တိုင်းရင်းသားများကို အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးသင့်ပါသဖြင့် မချမ်းဘောမြို့နယ်တွင် နယ်စပ်ဒေသတိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ)မြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်ပေးပါရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက မချမ်းဘောမြို့နယ်တွင် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နတလ) မြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဖွင့်လှစ်ပေးနိုင်ရန်အတွက် အထက်ဌာနသို့ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။


(၃) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု ၏ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံလူဦးရေ၏ ၇၀ % ခန့်မှာ တောင်သူလယ်သမားများဖြစ်ပြီး မိမိတို့၏လယ်ယာမြေ အား ထွန်ယက်စိုက်ပျိုးရာတွင် ယခင်မူလက ကျွဲ၊ နွားများကို အသုံးပြုလာခဲ့ကြ သော်လည်း တိုးတက်လာသောခေတ်နှင့်အညီ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ တိုးမြှင့်လာချိန်တွင် တောင်သူအများစုသည် စက်ကိရိယာများအား ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနေသည်ကို တွေ့ရှိရပြီး အချို့တောင်သူလယ်သမားများမှာ စက်ကိရိယာ ဝယ်ယူရာတွင် အရင်းအနှီးငွေကြေး အခက်အခဲရှိလာပြီး စပါးပေါ်ချိန်တွင် စပါးဈေး ကျဆင်းခြင်းသည် အဓိကအကြောင်းအရင်းဖြစ်သောကြောင့် စပါးပေါ်ချိန်တွင် စပါးဈေးအဆမတန်ကျဆင်းခြင်းအား သက်ဆိုင်ရာဌာနအနေဖြင့် တာဝန်ယူထိန်း ကျောင်းပေးနိုင်ရန်(သို့) ဈေးကွက်ဖန်တီးပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် တောင်သူများ မိမိတို့အသုံးပြုလိုသော စက်ကိရိယာဝယ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ စိုက်ပျိုးရေးဘဏ်မှ ငွေစုငွေချေးစနစ်ဖြင့် ငွေထုတ်ချေးပေးပြီး အရစ်ကျပြန်ဆပ်သောစနစ်အား ဆက်လက်ကျင့်သုံးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက တောင်သူများလယ်ယာသုံးစက်ကိရိယာများဝယ်ယူနိုင်ရေး ငွေစုငွေချေးစနစ်ဖြင့် အရစ်ကျထုတ်ချေးပေးသည့်စနစ် ဆက်လက်ကျင့်သုံးပေးလျက်ရှိကြောင်းနှင့် စပါးပေါ်ချိန်တွင် စပါးဈေးအဆမတန်ကျဆင်းမှုဖြစ်ပေါ်ခဲ့ပါက ဈေးနှုန်းထိန်းကျောင်းရန် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် စပါးဝယ်ယူရန် လိုအပ်လျှင် ကချင်ပြည်နယ် ဆန်၊ စပါးဝယ်ယူကြီးကြပ်ရေးအဖွဲ့မှ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။


(၄) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု၏ ရွှေကူမြို့၏ ဧရာဝတီမြစ်အနောက်ဖက်ခြမ်းကျေးရွာများရှိ ကိုယ်ထူကိုယ်ထ ချောင်းကူးတံတားများအား အဆင့်မြှင့်ကွန်ကရစ်တံတားများ တည်ဆောက်ပေးရာတွင် ကျောက်ကြီး-ပေါက်ကုန်းတံတားအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပြီးစီးပြီးဖြစ်သော်လည်း မိုးစစ်ပေါက်ကုန်းတံတားမှာ ကျန်ရှိနေပါသဖြင့် ၎င်းမိုးစစ်ပေါက်ကုန်း ကျေးရွာချင်းဆက် မိုးစစ်ချောင်းကူးတံတားအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ထည့်သွင်းလျာထားပြီးဖြစ်၍ ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၅) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု၏ ရွှေကူမြို့နယ်ရှိ လိပ်စင်းကျေးရွာနှင့် စီသော်ကျေးရွာကြား ဆက်သွယ်ထားသောလမ်းမှာ မြေသားပကတိလမ်းဖြစ်၍ မိုးတွင်းအခါဗွက်ထ၍ နွေအခါဖုန်တထောင်း ထောင်းထသည့်လမ်းဖြစ်ပြီး ကျောင်းသား/သူများနှင့် ကျန်းမာရေးချို့တဲ့သော အရေးကြီးလူနာများ မြို့ကုန်းဆေးရုံသို့ ပို့ဆောင်ရာတွင်လည်း မိုးတွင်းအခါတွင် လမ်းမကောင်း၍ ကြန့်ကြာမှုကိုဖြစ်စေသောကြောင့် အဆိုပါမြေသားလမ်းအား အမာခံသဲကျောက်လမ်း(သို့မဟုတ်) ကျောက်ချောလမ်းအဖြစ် ခင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ထည့်သွင်းလျာထားပြီးဖြစ်၍ ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၆) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်း၏ ရွှေကူမြို့နယ်အတွင်းရှိ တိန်းဟွန်းမှ မဏိဩဂအထိ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်နှစ်တွင် မြေသားတာဘောင်မြှင့်တင်ခြင်း၊ သဲကျောက်ခင်းခြင်းလုပ်ငန်းအတွက် ဘတ်ဂျက် ချထားပေးခဲ့ပြီးသော်လည်း ဆက်လက်တည်ဆောက်ရန် ကျန်ရှိနေသော မဏိဩဂ-ဘိုကုန်းလမ်းပိုင်းအား ၂၀၂၀-၂၀၂၁ ဘတ်ဂျက်နှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ထည့်သွင်းလျာထားပြီးဖြစ်၍ ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၇) ချီဖွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဘီထောဇောင်း၏ ချီဖွေမြို့ပေါ်ရှိ ရပ်ကွက်(၄)ခုနှင့် စစ်ဘေးရှောင်ပြည်သူများ (ဘာသာပေါင်းစုံ)အသုံးပြုနိုင်မည့် သင်္ချိုင်းမြေနေရာသစ်သွားလမ်းအား အစိုးရရန်ပုံငွေ ဖြင့် ကျောက်ချောလမ်းဖောက်လုပ်ပေးပါရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ထည့်သွင်းလျာထားပြီးဖြစ်၍ ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။


(၈) ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်၏ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှ တောင်းကော့ကျေးရွာ အထက်စဗွေနှင့် ကရင်ချောင်၊ ကောင်းစံကျေးရွာများအတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းဆောင်ရွက်မှုများကြောင့် သဘာဝ ရေဝေရေလဲနေရာများ တိမ်ကောလာနေပြီး ချောင်းရေထွက်အားနည်းလာမှုကြောင့် နေ့စဉ်သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေမှုအား ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေနှင့် အခြားရန်ပုံငွေများတင်ပြတောင်းခံ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် ဦးစားပေးလျာထားတင်ပြသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၉) ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်း(ခ)ဇော်သင်း၏ ကချင်ပြည်နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုဗဟိုပြုစီမံကိန်း (NCDDP)မှ အထောက်အပံ့ရရှိသော မြို့ရွာများနှင့် မရရှိသေးသောမြို့များ တူညီမှုရှိရန် ပြည်နယ်အစိုးရမှ သေချာစွာစိစစ် ပြီး မရရှိသောမြို့များသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (DRD)အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန် ရန်ပုံငွေကို တိုးမြှင့်ချထားပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ကမ္ဘာ့ဘဏ်အကူအညီရရှိသော မြို့နယ်များ၊ ကျေးရွာများတွင် ပြည်ထောင်စုရန်ပုံငွေများနှင့် ပြည်နယ်ရန်ပုံငွေများကို လျော့ပေါ့ပြီး၊ မရရှိသည့်မြို့နယ်များကို ပိုမိုတိုးမြှင့်ချထားပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
(၁၀) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွမ်ဒူနော်အောင်၏ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ရှိန်ကိုင်ယန်ကျေးရွာသည် မချမ်းဘောမြို့နယ်မှ (၆)မိုင်ခန့် ဝေးသောကျေးရွာဖြစ်ပြီး အိမ်ခြေ(၂၈)အိမ်နှင့် လူဦးရေ (၁၀၀)ကျော်ရှိ နတ်ကျွန်းစေတီတည်ရှိရာရွာလေးဖြစ်ပြီး ပြည်သူလူထုများသည် သောက်သုံးရေလုံလောက်မှုမရှိပါ၍ အခက်အခဲကြုံတွေ့နေသောကြောင့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျက်ဖြင့် ရှိန်ကိုင်ယန်ကျေးရွာ စိမ့်စမ်းရေသွယ်ခြင်း နှင့် ဂါလံ(၅၀၀၀)ဆံ့ ရေစုကန်(ရေပိုက် ၂” အရှည် (၁)မိုင်)အား ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ
မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၎င်းကျေးရွာမှာရှိသော အိမ်ခြေ (၂၉) အိမ်နှင့် လူဦးရေ (၁၃၆) ဦး အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၁၁) ချီဖွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဘီထောဇောင်း ၏ ချီဖွေမြို့ရှိ မြို့တွင်းလမ်းများသည် မြို့သူ/သား ပြည်သူလူထုများ သွားလာရေး ခက်ခဲလျက်ရှိသောကြောင့် သွားလာရေး လွယ်ကူချောမောစေရန်နှင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရန် လမုတ်ဒူဝါလမ်း (RC ဘုရားကျောင်းလမ်း၊ အရှည် ၂၄၀၀ ပေ)၊ ဒန်းဂေါ့လမ်း (အရှည် ၇၂၀ ပေ)၊ မေခလမ်း (အရှည် ၅၀၀ ပေ)၊ စွယ်တော်လမ်း (LBC ဘုရားကျောင်းရှေ့လမ်း၊ အရှည် ၂၂၀ ပေ)၊ အ.ထ.က ကျောင်းကြားလမ်း (အရှည် ၁၄၀ ပေ)၊ ဘာလဲ့ရပ်ကွက် ရစ်လော်ရပ်ကွက်ဆက်စပ်လမ်း (အရှည် ၁၀၀၀ ပေ)၊ ဆေးရုံဘေးလမ်းမကြားလမ်း (အရှည် ၆၅၀ ပေ)တို့ကို အမာခံကွန်ကရစ်လမ်းများအဖြစ် ပြုပြင်ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်က ၂၀၂၀¬-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ခန့်မှန်းရန်ပုံငွေလျာထားမှုသည် (၁၆.၄၀) သန်းရှိမှာဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိမည်မဟုတ်ကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၁၂) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု ၏ ရွှေကူမြို့နယ်ရှိ တိုးချဲ့အိမ်ထောင်စုများ နေရာချထားနိုင်ရေးအတွက် မြို့ပေါ်ရှိ သင်္ချိုင်း(၄)ခုအား လွတ်လပ်သောမြေနေရာသို့ ရွှေ့ပြောင်း၍ မီးသင်္ဂြိုဟ်စက်တစ်လုံး တည်ဆောက်ပေးနိုင်မည်ဆိုပါက အိုးအိမ်၊ ရုံးစသည့် တိုးချဲ့တည်ဆောက်မှုများအတွက်များစွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာဌာနအနေဖြင့် ၎င်း သင်္ချိုင်း(၄)ခုအား ဖျက်သိမ်း၍ မီးသင်္ဂြိုဟ်စက်တစ်လုံးအား မြို့နယ်နိမိတ်နှင့် ကွာဝေးသည့် မြေလွတ်မြေလပ်တစ်နေရာတွင် တည်ဆောက်အသုံးပြုဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့်မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်က သုဿာန်မြေနေရာအသစ်ရရှိပါက ကချင်ပြည်နယ်စည်ပင်သာယာရေးဥပဒေနှင့်အညီ သုဿာန်ဟောင်းကို ပိတ်သိမ်းခြင်း၊ ဖျက်သိမ်းခြင်း၊ ဖျက်သိမ်းသည့် သုဿာန်မြေများကို အခြားနည်းနှင့် အသုံးပြုခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။


(၁၃) ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်း(ခ)ဇော်သင်း၏ ကချင်ပြည်နယ်အတွင်း လူမှုရေးဝန်ကြီးဌာနအောက်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားနှင့်ပတ်သက်၍ အားကစားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်အစိုးရအနေဖြင့် ဘောလုံး၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ ဘော်လီဘော မြို့နယ်တိုင်းတွင် ကျင်းပနိုင်ရန် အားကစားရန်ပုံငွေကို တိုးမြှင့်ချထားပေးပါရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက သက်ဆိုင်ရာဌာနများကို ပြန်လည်စိစစ်ပြီးတွေ့ရှိချက်များအပေါ် လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။


၃။ အစည်းအဝေး(ပထမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း (စာရင်းချုပ်) လျာထားချက်”နှင့် ပက်သက်၍ကော်မတီ၏ စီစစ်ချက်အစီရင်ခံစာအပေါ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းမှ လွှတ်တော်သို့ ပြန်လည်ရှင်းလင်းခဲ့ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုနှင့် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင် တို့မှ လွှတ်တော်၏ သဘောထားကို ရယူရန် တင်ပြပါသည်။


၄။ အစည်းအဝေး(ဒုတိယနေ့)တွင် တင်သွင်းခဲ့သော ကချင်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ်၊ (၆)လ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ (ပထမ (၆)လ)ကာလအတွက် အရအသုံးစာရင်းများဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များနှင့် ပြည်နယ်စာရင်းစစ်ချုပ်၏ ၁-၁-၂၀၁၉ ရက်နေ့မှ ၃၁-၁၂-၂၀၁၉ ရက်နေ့အထိ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်အစီရင် ခံစာအား နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်နှင့် ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလေးတို့မှ ဆွေးနွေးခဲ့ပါသည်။

၅။ အစည်းအဝေး(တတိယနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော ကချင်ပြည်နယ် “ကန်ပိုက်တီနယ်စပ် စီးပွားရေးနယ်မြေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် မည့်အစီအမံများအား” ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလေးမှ ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ လွှတ်တော်မှ ထောက်ခံပါသဖြင့် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
၆။ ကချင်ပြည်နယ်လွှတ်တော်က ဥပဒေလေ့လာစိစစ်ရေးနှင့် အကြံပေးအဖွဲ့၊ အဖွဲ့ဝင်များ ဖြစ်သော ဒေါက်တာလှအောင် (ပါမောက္ခ၊ မြန်မာစာဌာန၊ မြစ်ကြီးနားတက္ကသိုလ်)နှင့် ဦးမြင့်စန်း (ပြည်နယ်တရားရေးဦးစီးမှူး) တို့သည် ဌာနဆိုင်ရာတာဝန်ဖြင့် ပြောင်းရွှေ့သွားပြီဖြစ်၍ ဒေါက်တာစန္ဒာလွင် (ပါမောက္ခ၊ မြန်မာစာဌာန၊ မြစ်ကြီးနားတက္ကသိုလ်)နှင့် ဦးမြင့်စိုး (ပြည်နယ်တရားရေးဦးစီးမှူး) တို့ (၂) ဦးအား အစားထိုးတာဝန်ပေးအပ်ခြင်းကို လွှတ်တော်မှ သဘောတူပါသဖြင့် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
၇။ ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို နေ့လည် (၁၂၂၅) နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဥ္စမနေ့)ကို (၂၈-၂-၂၀၂၀) ရက် (သောကြာနေ့) နံနက် (၁၀) နာရီ အချိန်တွင် ကျင်းပရန်လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

မှတ်တမ်းတင်သူ – ဒေါ်ခင်မျိုးသန့် (ဦးစီးအရာရှိ) ##

2020-03-05T16:07:52+00:00