ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌမှ ကချင်ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပခြင်း

ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌမှ ကချင်ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်း(၈၃)ဦးအား corona virus(covid-19)ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ (သင်္ကြန်ရုံးပိတ်ရက်)အတွက် စားသောက်ကုန် များ ထောက်ပံ့ပေးအပ်ခြင်းကို (၉-၄-၂၀၂၀)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် လွှတ်တော်ရုံး Banquet Hall တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားကို လွှတ်တော်ဥက္ကဌ ဦးထွန်းတင်၊ ဒုတိယဥက္ကဌ ဦးဒိန်ခန်ဖုန်(ခ)ခန်လင်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး ဦးလှဦးနှင့် လွှတ်တော်ရုံး ဝန်ထမ်းများ တက်ရောက်ကြပါသည်။ ဝန်ထမ်းများအား (၁)ဦးလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၁)ပိဿာ၊ ကုလားပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ စုစုပေါင်း(၅)မျိုး တန်ဖိုးငွေကျပ်(၁၉၄၇၀/-) နှုန်းဖြင့် စုစုပေါင်းတန်ဖိုး (၁၆၁၆၀၀၀/-)ကျပ်အား ဝန်ထမ်း(၈၃)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

2020-04-10T11:38:05+00:00