ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့) သတင်းအကျဉ်း

ရက်စွဲ၊၁၈-၅-၂၀၂၀

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) ကို ၁၈-၅-၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတတ်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅၃)ဦးရှိသည့်အနက် (၄၉)ဦးတတ်ရောက်ခဲ့ရာ အစည်းအဝေးတတ်ရောက်သူရာခိုင်နှုန်း (၉၂.၄၅)% ရှိ သဖြင့်အစည်းအဝေးအထမြောက်ခဲ့ပြီး အစည်းအဝေးတွင် ကချင်ပြည်နယ်တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်(၂)ဦး ကတိသစ္စာပြုခြင်းနှင့်ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ကြယ်ပွင့်ပြမေးခွန်း(၅)ခုကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် ပြည်နယ်အဆင့်အဖွဲ့ အစည်းဝင်များကဖြေကြားခြင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က “၂၀၂၀ – ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလ မှ စက်တင်ဘာလအထိ) အရအသုံးခန့်မှန်းခြေငွေစာရင်း”ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက်ဖြင့် ကချင်ပြည်နယ်လွှတ်တော်သို့ အတည်ပြုချက်ရယူရန် တင် သွင်းခြင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ကတင်သွင်းသော “၂၀၂၀-၂၀၂၁ခု၊ဘဏ္ဍာရေးနှစ် (အောက်တို ဘာလမှစက်တင်ဘာလအထိ) အရအသုံးခန့်မှန်းခြေငွေစာရင်း”နှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေး နှင့်ပြည်သူ့ငွေစာရင်းကော်မတီက စိစစ်အကြံပြုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး နံနက် (၁၁:၁၀) နာရီအချိန်တွင် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်း အဝေး (ပထမနေ့)အောင်မြင်စွာရပ်နားခဲ့ပါသည်။


2020-05-18T17:18:02+00:00