ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့)

ရက်စွဲ၊ ၁၆-၆-၂၀၂၀

ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမဆောင်တွင် (၁၆-၆-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်စတင်ကျင်းပခဲ့ရာအစည်းအဝေးတတ်ရောက်ခွင့်ရှိသူပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅၃)ဦးရှိသည့်အနက် (၅၂)ဦးတတ်ရောက်ခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့်(၉၈.၁၁)ရာခိုင်နှုန်းတတ်ရောက်ခဲ့ရာ အစည်းအဝေးအထမြောက်ခဲ့ပြီး အစည်းအဝေးတွင် ရွှေကူနယ်မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဦးယုမှလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်းတစ်ခုကိုလည်းကောင်း၊ မချမ်းဘေ့ာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရားဝမ်ဂျုံမှ လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဆိုင်ရာကြယ်ပွင့်ပြမေးခွန်း(၁)ခုကိုလည်းကောင်း၊ မချမ်းဘေ့ာမြိုနယ်မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွမ်ဒူနော်အောင်မှလမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဆိုင်ရာကြယ်ပွင့်ပြမေးခွန်း(၁)ခုကိုလည်းကောင်း၊ ပူတာအိုမြိုနယ်မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးယောဆီမှ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဆိုင်ရာကြယ်ပွင့်ပြမေးခွန်း(၁)ခုကိုလည်းကောင်း၊ ရွှေကူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဦးယုမှ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာကြယ်ပွင့်ပြမေးခွန်း(၁)ခုကိုလည်းကောင်း၊ ရွှေကူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမြသိန်းမှ လူမှုရေးဝန်ကြီးဌာနဆိုင်ရာကြယ်ပွင့်ပြမေးခွန်းတစ်ခုကိုလည်းကောင်း မေးမြန်းခဲ့ကြရာသက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ဝန်ကြီးဦးဝေလင်းမှ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်ကချင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းအား တင်သွင်းခြင်း၊ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်ကချင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်ပတ်သက်၍ ကချင်ပြည်နယ်လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးချန်တန်ခင်နှင့်စီမံကိန်းဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီဥက္ကဌဦးတင်ဦးယုတို့မှ စီစစ်ချက်အစီရင်ခံစာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ၂၀၁၉- ၂၀၂၀ခု၊ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအား (၁၆-၆-၂၀၂၀)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီနောက်ဆုံးထားပြီးကချင်ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်းကြေညာကာဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၂၀)ပထမနေ့ကို နံနက် (၁၁၂၀)နာရီအချိန်တွင်ရပ်နားခဲ့ပါသည်။

2020-06-18T14:06:18+00:00