ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (တတိယနေ့)

ရက်စွဲ၊ ၁၈-၆-၂၀၂၀
အစည်းအဝေးကို ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမဆောင်တွင် (၁၈-၆-၂၀၂၀)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅၃)ဉီးရှိသည့်အနက် (၅၀)ဦးတက်ရောက်ခဲ့သဖြင့် (၉၄.၃၂)ရာခိုင်နှုန်းတက်ရောက်ခဲ့ရာ အစည်းအဝေးအထမြောက်ခဲ့ပြီး အစည်းအဝေးတွင် ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်မှ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း တစ်ခုကိုလည်းကောင်း၊ မချမ်းဘောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရားဝမ်ဂျုံမှ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ ကြယ်ပွင့်ပြ မေးခွန်းတစ်ခုကိုလည်းကောင်း၊ မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး အစည်းအဝေး(ပထမနေ့)တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့က တင်သွင်းခဲ့သော “၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဉပဒေကြမ်း”နှင့် စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ဉီးဝေလင်းမှ အတည်ပြုနိုင်ရန် အဆိုတင်သွင်းချက်အား မံစီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမှ ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ကန့်ကွက်သူမရှိဘဲ ထောက်ခံခဲ့ရာ လွှတ်တော်မှ “၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဉပဒေကြမ်း” အား အတည်ပြုခဲ့ပြီး ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (တတိယနေ့)ကို နံနက်(၁၀၃၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

2020-06-18T14:36:57+00:00