ကချင်ပြည်နယ်စည်ပင်သာယာရေးဥပဒေပါ သားသတ်လုပ်ငန်းဆိုင်ရာ ပြည်သူ့ကြားနာပွဲအခမ်းအနား

(၁၂-၈-၂၀၂၀)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်၊ ကချင်ပြည်နယ်လွှတ်တော်ရုံး၊ Banquet Hall တွင် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်စည်ပင်သာယာရေးဆိုင်ရာ ပြည်သူ့ကြားနာပွဲအခမ်းအနား (ဒုတိယနေ့)သို့ ကချင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ စီပွားရေးနှင့်လူမှုရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်နယ်စပ်ရေးရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ကြီး၊ စည်ပင်သာယာရေးညွှန်ကြားရေးမှူး၊ မြို့နယ်အလိုက်သားသတ်လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ပြည်သူ့ကြားနာပွဲတွင် သားသတ်လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များမှ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ပြည်သူ့ကြားနာပွဲ အမ်းအနား(၁၇:၀၀)နာရီအချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပါသည်။

2020-08-14T10:28:36+00:00