ကချင်ပြည်နယ်စည်ပင်သာယာရေးဥပဒေပါ သားသတ်လုပ်ငန်းလိုင်စင်နှင့် ပတ်သက်ပြီးပြည်သူ့ကြားနာပွဲ

(၁၁-၈-၂၀၂၀)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်၊ ကချင်ပြည်နယ်လွှတ်တော်ရုံး၊ Banquet Hall တွင် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်စည်ပင်သာယာရေးဆိုင်ရာ ပြည်သူ့ကြားနာပွဲအခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စီပွားရေးနှင့်လူမှုရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်နယ်စပ်ရေးရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ကြီး၊ စည်ပင်သာယာရေးညွှန်ကြားရေးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ မြို့နယ်အလိုက်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ မြို့နယ်အလိုက်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများနှင့် မြို့နယ်အလိုက် ဈေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ပြည်သူ့ကြားနာပွဲတွင် စည်ပင်သာယာရေးဥပဒေပါ သားသတ်လုပ်ငန်းလိုင်စင်နှင့် ပတ်သက်ပြီး လက်ရှိဆောင်ရွက်လျက်ရှိသော တင်ဒါစနစ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး (၁၇း၂၀)အချိန်တွင် ရပ်နားခဲ့ပါသည်။

2020-08-14T10:02:58+00:00