ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒသမနေ့)

ရက်စွဲ၊ ၅-၉-၂၀၂၀
ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမဆောင်တွင် (၅-၉-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅၃)ဉီးရှိသည့်အနက် (၄၀)ဦးတက်ရောက်ခဲ့သဖြင့် (၇၅.၄၇) ရာခိုင်နှုန်းတက်ရောက်ခဲ့ရာ အစည်းအဝေးအထမြောက်ခဲ့ပြီး အစည်းအဝေး(ပဉ္စမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “ကချင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း”အား အတည်ပြုနိုင်ရေးအတွက် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီးဦးဝေလင်းမှ အဆိုတင်သွင်းခဲ့ရာ မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမှ ထောက်ခံကြောင်း တင်ပြခြင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “ကချင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ ကချင်ပြည်လွှတ်တော်၌ အတည်ပြုကြောင်းကြေညာခြင်း၊ အစည်းအဝေး(သတ္တမနေ့) တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းသော “၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေကြမ်း”အား အတည်ပြုနိုင်ရေးအတွက် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီးဦးဝေလင်းမှ အဆိုတင်သွင်းခဲ့ရာ ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်း(ခ)ဦးဇော်သင်းမှ ထောက်ခံကြောင်း တင်ပြခြင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းသော “၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေကြမ်း”အား ကချင်ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာပြီး ဒုတိယကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒသမနေ့)ကို နံနက်(၁၀:၃၃)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Youtube Link ==> https://youtu.be/H5p55y5nhF8

2020-09-16T10:42:15+00:00