ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)

ရက်စွဲ၊ ၃-၉-၂၀၂၀
ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမဆောင်တွင် (၃-၉-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅၃)ဉီးရှိသည့်အနက် (၄၉)ဦးတက်ရောက်ခဲ့သဖြင့် (၉၀.၅၆) ရာခိုင်နှုန်းတက်ရောက်ခဲ့ရာ အစည်းအဝေးအထမြောက်ခဲ့ပြီး အစည်းအဝေးတွင် အစည်းအဝေး (ပဉ္စမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “ကချင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝေလင်းမှ ပြန်လည်ရှင်းလင်းခြင်း၊ အစည်းအဝေး(ပဉ္စမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “ကချင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးဇော်ဝင်းနှင့် တနိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလဂျွန်ငန်ဆိုင်းတို့မှ အကြံပြုဆွေးနွေးခြင်း၊ အစည်းအဝေး(သတ္တမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းသော “၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဉီးဝင်းညွန့်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်တို့မှ အကြံပြုဆွေးနွေးခြင်း၊ အစည်းအဝေး(သတ္တမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းသော “၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးချန်တန်ခင်မှ စိစစ်ချက်အစီရင်ခံစာ တင်သွင်းခြင်း၊ အစည်းအဝေး(သတ္တမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းသော “၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ စိစစ်ချက်အစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပြီး ကချင်ပြည်နယ် လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကို နံနက်(၁၁:၁၇) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

Youtube Link ==> https://www.youtube.com/watch?v=ykn7wQYQzKU

2020-09-16T11:01:07+00:00