ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)

ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)
———————————————————————————————–
ရက်စွဲ၊ ၂-၉-၂၀၂၀
ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့) ကို ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမဆောင်တွင် (၂-၉-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅၃)ဉီးရှိသည့်အနက် (၄၉)ဦးတက်ရောက်ခဲ့သဖြင့် (၉၂.၄၅) ရာခိုင်နှုန်းတက်ရောက်ခဲ့ရာ အစည်းအဝေးအထမြောက်ခဲ့ပြီး အစည်းအဝေးတွင် မချမ်းဘော့ မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရားဝမ်ဂျုံမှ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း နှစ်ခုကို လည်းကောင်း၊ ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်မှ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဆိုင်ရာ ကြယ်ပွင့် ပြမေးခွန်း တစ်ခုကိုလည်းကောင်း၊ မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်း ဝင်များမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး အစည်းအဝေး(ပဉ္စမနေ့)တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့က တင်သွင်းခဲ့သော “ကချင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသူမရှိပါသဖြင့် အစည်းအဝေး (အဋ္ဌမနေ့)တွင် လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားမည်ဖြစ်ကြောင်း ကြေညာခြင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က “၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း”အား ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝေလင်းမှ တင်သွင်းခြင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းသော “၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ စီမံဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီ ဉက္ကဋ္ဌဦးတင်ဦးယုမှ စိစစ်ချက်အစီရင်ခံစာ တင်သွင်းခြင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းသော “၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ လက်ခံရရှိသည့် နေ့ရက်နှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်းကြေညာပြီး ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို နံနက်(၁၀:၄၇) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

Youtube Link ==> https://youtu.be/QKiv7E9kfc4

2020-09-16T11:05:30+00:00