ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)

ရက်စွဲ၊ ၁-၉-၂၀၂၀
ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမဆောင်တွင် (၁-၉-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၅၃)ဉီးရှိသည့်အနက် (၄၈)ဦးတက်ရောက်ခဲ့သဖြင့် (၉၀.၅၆)ရာခိုင် နှုန်း တက်ရောက်ခဲ့ရာ အစည်းအဝေးအထမြောက်ခဲ့ပြီး အစည်းအဝေးတွင် ပူတာအိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီမှ လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း တစ်ခုကိုလည်းကောင်း၊ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန် မှ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း တစ်ခုကိုလည်းကောင်း၊ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနော်မှ လူမှုရေးဝန်ကြီးဌာနဆိုင်ရာ ကြယ်ပွင့်ပြ မေးခွန်းတစ်ခုကိုလည်းကောင်း၊ မံစီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းမှ လူမှုရေးဝန်ကြီးဌာနဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း တစ်ခုကို လည်းကောင်း၊ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်မှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း တစ်ခုကိုလည်းကောင်း မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြပြီး အစည်းအဝေး(ပဉ္စမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “ကချင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ ဉက္ကဋ္ဌဦးချန်တန်ခင်မှ စိစစ်ချက်အစီရင်ခံစာ တင်သွင်းခြင်း၊ အစည်းအဝေး(ပဉ္စမနေ့)တွင် တင်သွင်းခဲ့သော ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော်နှင့် ဒေါ်ဂျေထုရော်တို့မှ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ အစည်းအဝေး(စတုတ္ထနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “ကချင်ပြည်နယ် သတ္တုအသေးစားနှင့် လက်လုပ် လက်စား လုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ လွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့ကြပြီး ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို နံနက်(၁၁:၁၂) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

Youtube Link ==> https://youtu.be/ocYggL9O6KI

2020-09-16T11:13:59+00:00