သမိုင်းကြောင်း

သမိုင်းကြောင်း 2018-01-29T21:43:52+00:00

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးမှ ကချင်ပြည်နယ်လွှတ်တော်အတွက် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များကို တစ်မြို့နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂) ဦးစီဖြင့် မြို့နယ်ကိုယ်စားပြု ကိုယ်စားလှယ် (၃၆) ဦး၊ တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားပြု ကိုယ်စားလှယ် (၄) ဦးနှင့် ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းပေးပို့သည့် တပ်မတော်သား ကိုယ်စားလှယ် (၁၃) ဦး၊ စုစုပေါင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၅၃) ဦးဖြင့် ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၈-၂-၂၀၁၆ ရက်နေ့တွင် ခေါ်ယူကျင်းပခဲ့ပါသည်။