စာကြည့်တိုက်

စာကြည့်တိုက် 2019-08-30T13:50:46+00:00

စာကြည့်တိုက်ရှိ စာအုပ်များကို လေ့လာရေးခရီးစဉ်အတွင်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

လွှတ်တော်အမတ်များအတွက် လိုအပ်သောစာရွက်စာတမ်းများကို ပြင်ပသို့ ငှားယူခွင့်ပြုထားပါသည်။

စာကြည့်တိုက်၊ မော်ကွန်းတိုက်နှင့် သုတေသနဌာနစု၏ သမိုင်းကြောင်း

၁။     ကချင်ပြည်နယ်လွှတ်တော် စာကြည့်တိုက်သမိုင်း

 

ကချင်ပြည်နယ်လွှတ်တော်ရုံး စာကြည့်တိုက်ကို နှစ်အလိုက်ထုတ်ဝေခဲ့သည့် ၁၉၅၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အက်ဥပဒေနှင့် နည်းဥပဒေစာအုပ်များ၊ ဥပဒေစာအုပ်များ Burma Code Volume – 1 to 13 ထိ စာအုပ်များ၊ မြန်မာနိုင်ငံနှစ်အလိုက် ၁၉၇၄ မှ ၂၀၁၁ ထိ တရားစီရင်ထုံး စာအုပ်များကို  အခြေတည်၍ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့အထိ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အောက်ထပ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်ကာ ယခုလက်ရှိ ကချင်ပြည်နယ်လွှတ်တော်ရုံးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ ပါသည်။

စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်စေရန် စာအုပ်စာတမ်းများ ထပ်မံဖြည့်ဆည်းခြင်း၊ စာကြည့်တိုက်နှင့် သက်ဆိုင်သည့် ပရိဘောဂများ ထပ်မံဖြည့်ဆည်းခြင်းနှင့် စာကြည့်တိုက်နှင့် ပတ်သက်သည့် ဆောင်ပုဒ်များကိုလည်း နံရံတွင် ချိတ်ဆွဲထားရှိပါသည်။

 

၂။     ဝန်ဆောင်မှု

 

လွှတ်တော်ကိုယ်စားလှယ်များ လိုအပ်သည့် သတင်းအချက်အလက်များအပေါ် မူတည်ပြီး ဥပဒေစာအုပ်များ၊ မှတ်တမ်းစာအုပ်များ၊ သတင်းစာများ၊ ဂျာနယ်များ၊ အစီရင်ခံစာများ စသည်တို့မှ သက်ဆိုင်ရာသတင်းအချက်အလက်များကို ရုံးချိန်အတွင်း ရှာဖွေပေးခြင်း ဆောင်ရွက်ပေးပါသည်။

ကိုယ်စားလှယ်များအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီသိရှိနိုင်စေ ရန် နေ့စဉ်ထုတ်အစိုးရသတင်းစာများ၊ မဂ္ဂဇင်းစာအုပ်များ၊ ဂျာနယ်များနှင့် သုတေသန စာတမ်းတိုများ ထားရှိပေးပါသည်။

၃။     စာအုပ်များ စုဆောင်းထားရှိမှု

စာအုပ်များကို အောက်ပါအတိုင်း ပညာရပ်အလိုက် ခေါင်းစဉ်(၁၀)မျိုးခွဲခြား၍ ဥပဒေစာအုပ် များကိုတော့ အက္ခရာစဉ်အလိုက် ခွဲခြားပြီး စနစ်တကျဆောင်ရွက်ထားရှိပါသည်-

 

စဉ် ပညာရပ် စာအုပ်အရေအတွက်
ပညာရပ်အမှတ်(၀၀၀) အထွေထွေ(General) ၁၅၃
ပညာရပ်အမှတ်(၁၀၀) ဒဿနိကဗေဒ(Philosophy) ၆၉
ပညာရပ်အမှတ်(၂၀၀) ဘာသာအယူဝါဒ(Religion) ၇၅
ပညာရပ်အမှတ်(၃၀၀)

လူမှုရေးသိပ္ပံ(Institute Science)

၅၄၉၇
ပညာရပ်အမှတ်(၄၀၀) ဘာသာစကား(Language) ၁၁၁
ပညာရပ်အမှတ်(၅၀၀) ရိုးရိုးသိပ္ပံ(Simple Science) ၂၂
ပညာရပ်အမှတ်(၆၀၀) အသုံးချသိပ္ပံ(Technology) ၂၀၆
ပညာရပ်အမှတ်(၇၀၀) အနုပညာ(Academy) ၁၃
ပညာရပ်အမှတ်(၈၀၀) စာပေ(Literature) ၁၁၀
၁၀ ပညာရပ်အမှတ်(၉၀၀)

နိုင်ငံအသီးသီး၏ ပထဝီနှင့်သမိုင်း

(Geography and History of Each Countries)

၁၀၅၉

စုစုပေါင်း

၇၃၁၅